စစ်ချီသီချင်းMarching Songsဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ စစ်ချီသီချင်းဟာ
(၁) အမျိုးဇာတိမာန်တက်ကြွဖွယ်ရာစာသားများ နဲ့ ဖွဲ့ဆိုရမယ်။
(၂) တေးသွားအလိုက် Tune ကလည်း စိတ်ဓာတ်တက်ကြွဖွယ်သံစဉ်တွေ ဖြစ်ရမယ်။
(၃)စည်းဝါးအဖြတ်အတောက်နဲ့ စည်းချက်Beatsတွေကလည်း တက်ကြွဖွယ် ရာ အဖြတ်အတောက်စည်းဝါးရိုက်ချက်များ ဖြစ်ရမယ်။
(၄)စစ်တီးဝိုင်းသုံးတူရိယာတွေနဲ့ တီးခတ်ပါမှ စစ်သီချင်းကောင်းတစ်ပုဒ်ဖြစ် လာနိုင်တယ်။ အခုဆောင်းပါက စစ်တီးဝိုင်း သုံး ကြေးလေမှုတ်ကိရိယာတွေအကြောင်းပါ ပဲ။ ကြေးဝါနဲ့လုပ်ထားတဲ့ လေမှုတ်ကိရိယာဆို ပေမယ့်ခရိုမီယမ်ဓာတ်ရည်စိမ်(Chromium Coated)လုပ်ထားတော့ငွေရောင် နဲ့တောက်ပ နေတဲ့ လေမှုတ်ကိရိယာေ တွဖြစ်ပါတယ်။
(၁) ဗြူဂယ်BUGLE ။ ။ ခလုတ်တွေမပါတဲ့ ကြေးဝါလေမှုတ်ကိရိယာဟာ မှုတ်သူရဲ့ကျွမ်း ကျင်မှုအရ အသံ(၅)သံထွက်နိုင်ပါတယ်။ Pentasonic Scaleပင်တာတုန်း နစ်စကေး (၅သံစကား)ထွက်ပေါ်နိုင်ပါတယ်။တပ်ရင်း တပ်ဖွဲ့တိုင်းမှာရှိပြီး တစ်နေ့တာလုပ်ဆောင် ရမယ့် အလံတင်၊အလံချ၊အလံတော် အလေးပြုစတဲ့ကိစ္စအဝဝ ကို ဗြူဂယ်မှုတ်စစ် သည်က သတ်မှတ်နာရီအလိုက် သတ်မှတ်တဲ့ သံစဉ်တီးလုံးTune တွေနဲ့မှုတ်ရပါတယ်။ဗြူဂယ်ရဲ့ အသံထွက်နိုင်တဲ့နေရာက လခြမ်းပုံအသံအိုး မှာ လေပေါက်တစ်ပေါက်ပါ တယ်။ အဲဒါကို Mouth-pieceလို့ ခေါ်မယ်။မှုတ်သူကပါးစပ်ကိုစုထားပြီး နှုတ်ခမ်းကို အဲဒီ Mouth-piece နဲ့အသေကပ်ထားရတယ်။ လေ မှုတ်လိုက်တဲ့အခါ နှုတ်ခမ်းထိပ်ဝ တုန်ခါ မှုတွေဟာ လေမှုတ်ကိရိယာထဲကိုကူးဝင်သွား လို့ အသံထွက်ရပါတယ်။တခြားကြေးလေ မှုတ်တွေရဲ့Mouth-pieceတွေဟာ လည်း ထို နည်းလည်းကောင်းပါပဲ။(ဆက်ဆိုဖုန်း၊ ကလာ ရီနက်တို့ကတော့ ဝါးပြားလျှာခင်ပါတယ်)
(၂) ကောနက် CORNET ။ ။ ကောနက်မှာ ကြေးခလုတ်၃ခုပါဝင်တယ်။ ညာလက်ချောင်း တွေနဲ့ ခလုတ်တစ်ခုကို (၃)သံထွက်အောင် နှိပ်ရင် ကောနက်တစ်ခုလုံးဟာ အသံ(၉)သံ ရနိုင်တယ်။ ဗြူဂယ်လိုမဟုတ်ဘဲDiatonic Scaleဒိုင်ယာတိုးနစ်စကေး(၇သံစကေး) ကိုမှုတ်လို့ရတယ်။ အသံတိတ်ခေတ်မြန်မာ့ရုပ် ရှင်ရုံများမှာ ကောနက် ကို သုံးခဲ့တယ်။
(၃) ထရမ်းပက်TRUMPET ။ ။ ကောနက် နဲ့ပုံသဏ္ဌာန်ဆင်တူပြီး အရွယ်အစားပိုပြီးရှည် ပါတယ်။ ခလုတ်သုံးခုပါတယ်။ two and half octaveအထိမှုတ်နိုင်တယ်။ တစ်နည်း အားဖြင့် အော့တေ့ခေါ်တဲ့ အသံဆင့်၈ဆင့် မှာ ၂ဆင့်ခွဲမှုတ်နိုင်တော့ သံစဉ်ရော၊သံဝက် ပါအားလုံးအသံ၃ဝထွက်ပေါ်နိုင်တယ်။ ထရမ်းပက်ဟာ လူကြိုက် များတဲ့ လေမှုတ်တူ ရိယာဖြစ်တော့ ဆင်ဖိုနီအော်ခက်စထရာ (သံစုံတီးဝိုင်းကြီး)တွေမှာလည်း အသုံးပြု တယ်။မြန်မာ့အသံ၊ မြို့မတူရိယာအဖွဲ့၊ ဂီတလုလင်အဖွဲ့၊အေ ဝမ်းစိုးမြင့်အဖွဲ့စတဲ့ဧည့်ခံတီးဝိုင်းတွေမှာလည်း ထရမ်းပက်ကို သုံးကြ ပါတယ်။
(၄) ထရန်ဘုန်းTROMBONE ။ကြေးလေ မှုတ်ကိရိယာဖြစ်ပေမယ့် အသံခလုတ်များမပါ ဘဲလေတိုင်Air Columnအလျားကိုပြောင်းပေး တဲ့ဆလိုက်Slide အရှည်အ တိုကိုလိုက်ပြီးအသံ ဆင့်Toneတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ရိုးရိုးထရန်ဘုန်းနဲ့ အသံပိုနိမ့် တဲ့ ဘေ့စ်ထရန် ဘုန်းBassTrombone ဆိုပြီး နှစ်မျိုးရှိပါ တယ်။သူ လည်းSlideတံကို အတို၊အရှည်ဆွဲ ပြီး လိုတဲ့သံစဉ်ကိုရအောင်မှုတ်ရပါတယ်။
(၅) ပြင်သစ်ခရာ FRANCE HORN။ ။ရှေးကပြင်သစ်စစ်တပ်တွေမှာသုံးတဲ့ အရိုးရှည် နှဲကြီးဖြစ်တယ်။ နှဲတံကို ဝိုင်းပတ်ခွေခေါက် ပြီး သယ်ယူရလွယ်အောင်လုပ်ခဲ့ပါ တယ်။ ခလုတ်(၃)ခုတပ်ဆင်ထားပါတယ်။ ရှေးကျတဲ့ လေမှုတ်ကိရိယာဖြစ်ပါတယ်။ အဲဒီပြင်သစ် ခရာကိုဦးစွာတီထွင်ပြီးတော့မှ ကောနက်၊ ထရမ်းပက်၊တူးဘား၊ ဘယ်ရီ တုန်းတို့ဖြစ် ပေါ်လာကြတယ်လို့ ကြေးလေမှုတ်တူရိ ယာသမိုင်းမှာ ဆိုပါတယ်။ ဘယ်ရီတုန်းBarry Tone က ပြင်သစ်ခရာကို ထိပ်ဝအော်လံကျယ်ကြီးတပ် ဆင်ပြီး Lowest Notesအသံ နိမ့်များထွက်အောင် ပြုလုပ်ထားတယ်လို့ မှတ်တမ်းတစ်စောင်မှာ ဆိုပါတယ်။
(၆) တူးဘားTUBA ။ ။ လေမှုတ်ကိရိယာ ထဲမှာ အလေးဆုံး၊အကြီးဆုံး၊အသံအနိမ့်ဆုံးThe Lowest Tonesကို ပေးစွမ်းနိုင်တဲ့ လေမှုတ်ကိရိယာကြီးဖြစ်ပါတယ်။ ခလုတ် သုံးခုပါရှိပါတယ်။ စစ်တီးဝိုင်းနောက်ဆုံးမှ လိုက်ရပါတယ်။ တေးသွားသံစဉ်တွေထက်Bassသံနိမ့်ကြီးတွေကိုပဲ မှုတ်ရလေ့ရှိတယ်။ အရပ်ဧည့်ခံဝိုင်းတွေမှာတော့ တူးဘားကိုသုံးစွဲတာ မရှိပါ။ မလိုအပ်လို့ဖြစ်ပါတယ်။ သူ့ အစား Cello Bassမတ်တတ်တယောကြီး ကို သုံးလျှင်လည်း ဖြစ်နေလို့ပါ။
(၇) ဆက်ဆိုဖုန်းSAXOPHONE ။ ။ အထက်ဖော်ပြပါ တူရိယာတွေလို အသံ ထွကMouth Piece လေမှုတ်ကိရိယာ မဟုတ်ဘဲ ဝါးပြားလျှာခင်တပ်ဆင်ထားတဲ့ လေ မှုတ်တူရိယာကိုယ်ထည်နဲ့ ကိုယ်ထည်က အသံပေါက်များပါတယ်။ အသံပေါက်တို့ကို လုံအောင်ဖုံးတဲ့အဆို့ရှင်Valveဗားများရှိ ပါတယ်။ ဗားတွေကို ဖွင့်ဖို့၊ပိတ်ဖို့ လှုပ် ဆက် အရှင်Linkတွေနဲ့ ဆက်သွယ်ပြီး ခလုတ်ငယ် တွေကို လက်ချောင်းများအနားမှာ ထားရှိ ပါတယ်။ (၁၂)သံစဉ်စကေးCromative Scaleအသံများကို ကောင်းစွာ မှုတ်လို့ရပါ တယ်။ ၇သံစဉ်Whole Toneနဲ့သံဝက် (သံကြောင်)ံHalf-Tone၅မျိုးပေါင်းတော့ ၁၂ သံစဉ်ခရိုမက်တစ်စကေးရပါတယ်။ Auto Saxophoneအော်တိုဆက် ဆို ဖုန်းကအနည်းငယ်သေးပြီးအသံမြင့်များပါတယ်။Tenor Saxophone တင်နာဆက် ဆိုဖုန်းက အနည်းငယ်ကြီးပြီး အသံနိမ့်များ ဘက် အလေးကဲပါတယ်။ စစ်တီး ဝိုင်းသာမက ဧည့်ခံတီးဝိုင်းတိုင်းလိုလို အော်တိုဆက်ဆိုဖုန်းရော၊တင်နာဆက်ဆိုဖုန်း၂မျိုးစလုံးကို သုံးပါတယ်။ ကလာရီနက်ကတော့ သစ်သား ကိုယ်ထည်မှာ ခလုတ် များတပ်ဆင်ထားတဲ့ လေမှုတ်ကိရိယာဖြစ်ပါတယ်။ ဝါးပြားလျှာ ခင်တပ်ပြီး မှုတ်ရပါတယ်။ မန္တလေးမြို့မ ဂီ တပညာရှင်ကြီး မြို့မငြိမ်းက(၁)ထရန်းပက်၊ (၂)ကလာရီ နက်၊(၃)အော်တိုဆက်၊(၄)တင် နာဆက်တို့ကို စိတ်အဝင်စားဆုံး၊အကြိုက်ဆုံး ဖြစ်လို့ သင်္ကြန်ရေသဘင် အလှပြကားများမှာ အဲဒီလေမှုတ်တူရိယာလေးမျိုးကို မသုံး မဖြစ် သုံးခဲ့ပါတယ်။ ဒီကနေ့ ဧည့်ခံတီးဝိုင်းကြီးတွေ မှာလည်း စန္ဒရား၊တယောစတဲ့ကြိုးတပ် တူရိယာများအပြင် ၆လုံးပတ်တို့နဲ့ တွဲဖက် ပြီး အဲဒီလေမှုတ်၎မျိုးကိုတော့ မပါမဖြစ်ပါဝင် အောင် ထည့်သွင်းခဲ့တဲ့ ဓလေ့ခိုင်မာနေပါ တယ်။ ကလာရီနက်နဲ့ ၆ပေါက်ပလွေတွေကို ကျောင်းသားဘင်ခရာအဖွဲ့တွေကသုံးပါတယ်။
ပြည်ပပညာရှင်တွေရောက်လာ
၁၉၇ဝပြည့်လွန်နှစ်များက အမေရိကန် ဂီတပညာရှင်များဖြစ်ကြတဲ့Duke Allanton တို့ Count Batsy စတဲ့ လူမည်းပညာရှင်နဲ့ အဖွဲ့ဝင် ၅ဦးစီလောက် ရန်ကုန် မှာ ဖျော် ဖြေရေးလုပ်ခဲ့ကြပါတယ်။ မြို့စားကြီး အယ် လင်တန်၊ ရွာစားကြီးဘက်စီဆိုပြီး သူတို့ကနာမည်ခံယူကြတာ မြန်မာပြည်ကဆိုင်းဆရာ များ ‘ရွာစား’ဘွဲ့ ခံသလိုပါပဲ။ အံ့သြစရာ၊ သူတို့အဖွဲ့ဝင်တွေလည်း ဆက်ဆိုဖုန်း၊ ထရမ်းပက်၊ ကလာရီနက်စတဲ့လေမှုတ် တူရိယာတွေကို အားပြုတီးမှုတ်ကြပါတယ်။
ဘင်တူရိယာ မပါ လို့မဖြစ်
စစ်တီးဝိုင်းကိုရှေးက ‘ဘင်ခရာ’ဝိုင်းBand Staff လို့လည်း ခေါ်ကြတော့ ဘင်အ ကြီးBass Drumနဲ့ဘင်အငယ်Slide Drum တို့ပါရမှာပေါ့။ စည်းချက်Beats အတွက် လည်း ဖြစ်တာပေါ့။ ရေကွင်းကြီး Cymbals (၂)ဦးနဲ့လေမှုတ်ကရိယာတစ်မျိုးကို (၄)ဦးစီ ရှေ့နောက်စီလို့ တီးမှုတ်ကြရတယ်။ ဒါပေမဲ့ Slide Drumလေးဦးရှေ့တန်း ထိပ်စီး၊Bass Drum(၂)ဦး၊Cymbals(၂)ဦး ဒုတိယတန်း မှာစီပြီးလေမှုတ်ကိရိယာတွေ (၁)မျိုး(၄)ဦးကျ စီ တန်းဆီမှုတ်ကြပါတယ်။ နောက်ဆုံးကTubaတူးဘားတို့၊ ဘယ်ရီတုန်းတို့ပါမယ်ပေါ့။
မိုးမြင့်ဝင်း(ဘွဲ့လွန်ဒီပလိုမာ-ဂီတ)
မူရင်းလင့်က ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။