/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 26, 2012

.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Miss Thailand World 2012 အကြို Miss Body Shape ရွေးပွဲ


ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ Miss Thailand World 2012 အစမ်းလေ့ကျင့်ပွဲနဲ့ Miss Body Shape ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က ဘန်ကောက်မြို့၊ Bangkok World Trade Center မှာ ကျင်းပခဲ့ရာ အလှမယ် ၃ဝဝကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆန်ခါတင် ၃ဝဦးကိုသာ Miss Thailand World 2012 သို့ ပါဝင် ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး ဆန်ခါတင် အလှမယ်၃ဝဦးက ရေကူးဝတ်စုံများနဲ့ ယှဉ်ပြိုင်ခဲ့ရာ Sparsha Slimming Center မှ မန်နေဂျင်းဒါရိုက်တာ Mr.Sarnti Pranichက Miss Body Shape ဆုရရှိသူ Miss Nachat Vanessa Meung Kod ကို ဆုကြေးငွေ ဘတ် ၅ဝဝဝဝ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Miss Thailand World 2012သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရ အလှမယ် ၃ဝ ဦးကို ထိုင်းနိုင်ငံရဲ့ နာမည်ကျော် TV drama ထုတ်လုပ်သူများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ မဂ္ဂဇင်းများနဲ့ မီဒီယာများ၊ Sponsor Company မှ လူကြီးမင်းများက အကဲဖြတ်ပေးကြမှာ ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ကိုနိုင်(ပေါ်ပြူလာ)


မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။