/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 26, 2012

.

စသုံးလုံး စစ်ဆေးစဉ် သတ်သေမှု သတင်းယူသည့် သတင်းထောက် ခြိမ်းခြောက်ခံရ


ပြည်ထဲရေး ၀န်ကြီးဌာန လက် အောက် ရှိ အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စ သုံးလုံး) က ခေါ် ယူစစ်ဆေးစဉ် သေဆုံးသွား သည့် မိန်းကလေး တစ်ဦး ၏ အမှု အကြောင်း ကို လို လံ စုံစမ်း သည့် သတင်း ထောက် တစ်ဦး ကို စသုံးလုံး အရာရှိ ငယ် တစ်ဦး က ” ယခုအမှုကို ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ” ခြိမ်းခြောက် ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။

ကမ္ဘာ အေး အရပ် တွင် နေထိုင်သည့် အသက် ၁၉ နှစ် အရွယ် ရှိ နန်းမိုဟန် ဆိုသည့် အမျိုး သမီး ငယ် သည် သူ မ ကို စသုံးလုံး မှ စစ်ဆေးစဉ် ခုန်ချ ပြီး သတ်သေမှု ကို သတင်းထောက် များ က လိုက်လံ စုံစမ်း ရာ စသုံးလုံး က ယခု ကဲ့ သို့  ခြိမ်းခြောက် ခြင်း ဖြစ်သည်။

စစ်တပ် ဗိုလ်ချုပ် ကြီး အဆင့် မှ အသွင် ပြောင်း က လက်ရှိ အစိုးရ ၏ သမ္မတ အဖြစ် တာဝန် ထမ်းဆောင် နေ သည့် ဦးသိန်းစိန် လက် ထက် တွင် သတင်းစာ တိုက် များ ၊ သတင်း ထောက် များ ကို ခြိမ်းခြောက် မှု များ မှာ နေ့  စဉ် ရက် ဆက် ဆို သလို ကြုံနေရ သည် ဟု ရန်ကုန် မြို့  မှ သတင်း အယ်ဒီတာ တစ်ဦး က FNG ကို ပြောသည်။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။