/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 22, 2012

.

လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ(ကဗျာ)


နွေဦးကတော့ လေရူးနဲ့
ကလူ၏သို့ ...မြှူ၏သို့ ….။

မြိန်ရေယှက်ရေ ရှိခဲ့လှတဲ့ နှစ်များ
အ၀ါရောင် ပိတ်ကားထက် မှုန်မှုန်ဝါးဝါး ...။

မီးစတဖက် ရေမှုတ်တဖက် ဆွယ်တရားနဲ့
ငါးမျှားချိတ် သံချေးတက်
ငါးစာမတပ် အချိုသပ်တာများ ...။

ခေတ်ကြီးနှယ် …
စနစ်ကြီးနှယ် ..
စစ်ပွဲ စစ်စစ်တွေကြားမှာ
ပိတောက်စစ်စစ်တွေ ပွင့်စေလိုမှ ...
…..
…..

ငွေလမပါ နွေညခမျာ
လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ
အာရုဏ်ကျင်းခံတွင်းဝမှာ
ရင်တမမ ...။

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။