/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 16, 2014

.

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲကို NLD သပိတ်မှောက်ဖွယ်ရာရှိ ဟု ဦးဥာဏ်ဝင်းပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်း အဝေး တွင် ရွေးကောက်ပွဲကြေညာစာတမ်းကို အတည်ပြုခဲ့ပြီး ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲကို NLD သပိတ်မှောက်ဖွယ်ရာ ရှိသည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက် နှစ်ရက်တိုင် ပြုလုပ်သည့် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီးသတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက် ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိလျှင် ၂၀၁၅ ရွေးကောက်ပွဲကို NLD သပိတ် မှောက်ဖွယ်ရာရှိသည် ဟု ပြောကြားထားသော်လည်း ယခုအချိန်တွင် ပြင်နိုင်/မပြင်နိုင် မသေချာသေး ခြင်းကြောင့် ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်မည်မဟုတ်သေးဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိပဲ ၂၀၁၅ ရွေးကောက်ပွဲကို NLD ပါဝင် ယှဉ်ပြိုင်ဖြစ်ပြီး အမတ်နေရာ အများစု အနိုင်ရခဲ့ပါက လက်ရှိလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ခြေ ရှိ/မရှိ မေးမြန်းမှုကိုမူ ဦးဥာဏ်ဝင်းက တစ်စုံတစ်ရာ မှတ်ချက်ပြုလိုခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။ ဗဟိုကော်မတီအစည်းအဝေးတွင် သူရဦးရွှေမန်းအား သမ္မတတ တင်မြှောက်ရေးဆွေးနွေးမည် ဟု ပြောကြားမှုများ ရှိခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ မည်သို့ သဘောထားရှိသည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ထို့အပြင် အဆိုပါ ပြင်ဆင်ထားသော ကြေညာ စာတမ်းသည် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြု PR စနစ်ကို အခြေမခံဘဲ FPTP စနစ်ကိုသာ အခြေခံကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ နှစ်ရက်ကြာ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ် ကို ရွေးကောက်ပွဲ စည်းရုံးရေးနှစ် အဖြစ်သတ်မှတ်ကြောင်းဗဟိုကော်မတီဝင်များထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ အခြေခံဥပဒေ ပြင် ဆင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဟူသော ဦးတည်ချက် သုံးရပ်ဖြင့် လွှတ်တော်သို့ ဝင်ရောက်ခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထု ဆန္ဒလက်မှတ် ငါးသန်းနီးပါး ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ခဲ့ခြင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေကို နောက်အစိုးရလက်ထက် ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲမှ ပေါ်ထွက်လာမည့် လွှတ်တော်များတွင်သာ အတည်ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် မှန်ကန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီ အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ ဗဟိုကော်မတီဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်အဖြစ် အထိမ်းအမှတ်ပွဲများကို မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပြီး နိုင်ငံတစ်ဝန်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထား သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။