/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 16, 2014

.

NDAA(မိုင်းလား)အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး မိုင်းယောင်းမြို့တွင် အလင်းဝင်ရောက်



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီ မဟာမိတ် အဖွဲ့NDAA(မိုင်းလား)အဖွဲ့မှ တပ်သား အဆင့်ရှိ သူတစ်ဦး နယ်မြေခံအစိုးရတပ်ရင်းသို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း နယ်မြေခံ တပ်အရာရှိတစ်ဦးထံမှ သတင်းရရှိသည်။

အဆိုပါ အလင်းဝင်ရောက်လာသောသူသည် မိုင်းယောင်းမြို့နယ၊် ဝမ်မန်းကျေးရွာအုပ်စု၊ နမ့်တောင်းကျေးရွာ နေ နမ့်ပင်း(ဘ)ဦးစန်းဖုန်း ဖြစ်ကြောင်း သိရှိရသည်။ “သူက မနှစ်က မဲပေါက်လို့ ရောက်သွားတာ၊ အခုခွင့်ပြန်လာတော့ ပြန်မသွားချင်တော့ဘူး၊ အလင်းဝင်ရောက် တော့မယ်လာပြောလို့ ဦးတို့က နယ်မြေခံတပ်ရင်းကိုဆက်သွယ်ပြီး သွားပို့ပေးတာပါ”ဟု ဝမ်မန်းကျေးရွာ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းသည် NDAA(မိုင်းလား)အဖွဲ့သို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် မဲစနစ်ဖြင့်မဲပေါက်၍ ဝင်ရောက် ခဲ့ရ ကြောင်း၊ တစ်နစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ခွင့်(၃) ရက် ရရှိ သဖြင့် ကျင်းရဲမှ နမ့်တောင်းကျေးရွာသို့ ရောက်ရှိလာပြီး ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သောကြောင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက် အမြဲလက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ အခုအလင်းဝင်ရောက်လာ သူအားလည်း မိမိတို့ နယ်မြေခံတပ်ရင်းတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ အထက်သို့ အဆင့်ဆင့်သတင်းပို့ပြီးစီစဉ် ဆောင်ရွက်ပေးသွားမည်”ဟုမိုင်းယောင်းအခြေစိုက်နည်းဗျူဟာမှအရာရှိတစ်ဦး က ပြောကြားသွားခဲ့သည်။

ကိုစိုင်းမောင်

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။