/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 15, 2014

.

ထီးတန်းဆိပ်ကမ်းဝင်းအတွင်း လူငယ်နှစ်ဦး ကွန်တိန်နာပုံး ပိ၍သေဆုံး

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ နိုင်ငံတကာ ကုန်တင်သင်္ဘောများ ဆိုက်ကပ်လျက်ရှိသည့် ထီးတန်းဆိပ် ကမ်းဝင်းအတွင်း ကုန်တင်ကုန်ချပြုလုပ်သည့် လူငယ်နှစ်ဦး ကွန်တိန်နာပုံးပိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ် ခု မေ ၇ ရက်၊ ညနေ ၃ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။


သဆုံးသူ လူငယ်နှစ်ဦးမှာ ကျောက်ပန်းတောင်းမြို့နယ်မှဟု လတ်တလော အတည်ပြုထားပြီး အသက် (၁၇) နှစ်ရှိ လူငယ်တစ်ဦးနှင့် အသက်(၂၀)အရွယ် လူငယ်တစ်ဦး ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ကွန်တိန်နာသယ်ယူသည့် ယန္တရားမောင်းနှင်သူ ကိုထွန်းအောင်ရွှေ (၂၇)နှစ်သည် ကွန်တိန်နာများကို နေရာချနေစဉ် ကွန်တိန်နာပုံးများအကြား အိပ်ပျော် နေသည့် မောင်သက်ပိုင်ဖြိုးနိုင်ဦး(၁၇)နှစ်နှင့်မောင်ဇော်(၂၀)နှစ်တို့ နှစ်ဦးအပေါ် ကွန်တိန်နာပုံးများ ပိမိ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းသို့ပိမိခြင်းကြောင့် မောင်သက်ပိုင်ဖြိုးတွင် နှာတံရိုးကျိုး၊ ၀ဲလက်မောင်းညိုမဲ ဒဏ်ရာများရရှိခဲ့ပြီး မောင်ဇော်တွင် ၀ဲပခုံး ညိုမဲဒဏ်ရာ၊ ယာလက်ကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံး ခဲ့ခြင်း ဖြစ်သည်။

ကွန်တိန်နာပုံး သယ်ယူသည့် ယန္တရားအား လူသေဆုံးသည်အထိ ပေါ့ဆစွာမောင်းနှင်သော ကိုထွန်း အောင်ရွှေအား အရေးယူပေးပါရန် ဒု-ရဲအုပ်ထွန်းထွန်းလတ်၏ တိုင်ကြားမှုကို ကြည့်မြင်တိုင် ရဲစခန်းမှ (ပ) ၂၉၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

Credit : http://abbsoluteright.blogspot.com/2014/05/blog-post_5946.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။