/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 8, 2014

.

DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် နှင့် ဦးဝင်းမြင့်ဦး(ခ)ဦလှိုင်လှိုင် တို့အား မကွေးမြို့နယ်တရားရုံးမှ ထောင်(၁)နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပြီ

မကွေးမြို့နယ်တရားရုံးတွင် ဧပြီ(၇)ရက်၊ နေ့(၁၂း၃၀)နာရီအချိန်မှာ ရာကြီးအမှုအမှတ်(၁၉၃၉/၂၀၁၂) ပြစ်မှုပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့် တရားလို မကွေးတိုင်းဒေသကြီး လက်ထောက် တိုင်းပညာရေးမှူး(စစ်ဆေးရေး)က စွဲဆိုသော အမှု ဖြစ်သည်။ ၎င်း အမှုမှ DVB သတင်းထောက် နှစ်ဦးတို့ကို တရားခံ သူရသက်တင်(ခ)ဇော်ဖေ မကွေးမြို့ အား ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၃၅၃အရ ထောင်ဒဏ် တစ်နှစ် တို့အား တစ်ပေါင်းတည်းကျခံစေရန်အမိန့်ချမှတ်ကြောင်း၊ ပူးတွဲ တရားခံ ၀င်းမြင့်လှိုင်(ခ) လှိုင်လှိုင် တောင်တွင်းကြီးမြို့ တို့ကိုလည်း ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၁၁၄ အရ ထောင်ဒဏ် တစ်နှစ်တို့ကို ပူးတွဲကျခံစေရန် မကွေးမြို့နယ်တရားသူကြီး ဒေါ်နန်းဟောက်နျန် က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။


အမှုဖြစ်စဉ်အကျဉ်းမှာ (၂၄-၈-၂၀၁၂)နေ့က မကွေးတိုင်းပညာရေးမှူးရုံးပေါ်တွင် စာရေးအဆင့်၁ ဦးခင်အောင် အခန်း၌ စာရေးအဆင့် ဒေါ်မြင့်မြင့်ဌေးမှ လက်နှိပ်စက်ရိုက်နေစဉ် DVB သတင်းထောက် နှစ်ဦးက အခန်းထဲသို့ရောက်လာပြီး ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်အတွက် မေးမြန်းရာလာကြောင်း၊ ဒေါ်မြင့်မြင့်ဌေးပါ စာရေး(၆)ဦးတို့မှ လူကြီးမရှိကြောင်း အစည်းအဝေးသွားနေကြောင်းပြောဆို၍ လက်ထောက်ပညာရေးမှူး ဦးမောင်ဌေးထံသို့ ပို့ပေးခဲ့ကြောင်း၊ ဦးမောင်ဌေးမှ အစိုးရကိစ္စအား စည်းကမ်း နှင့်အညီလုပ်ဆောင်နေပါကြောင်း ပြောနေစဉ် သတင်းထောက်နှစ်ဦးမှ တစ်ဦးက သတင်းဓာတ်ပုံများ ရိုက်ခြင်းကို တားမြစ်ရာ ဆက်လက်လုပ်ဆောင် နေသဖြင့် လက်ထောက်ပညာရေးမှူး ဦးမောင်ဌေးမှ တရာလိုပြုလုပ်၍ ၂၅-၃-၂၀၁၂ နေ့တွင် (ပ) ၂၀၄/၁၂ ပြစ်မှုပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့်တရားစွဲဆိုခဲ့ရာ၃၁-၈-၂၀၁၂နေ့တွင် စွဲချက်အမှတ် ၁၈၃/၂၀၁၂ အရ မကွေးမြို့တရားရုံးသို့စွဲတင်ခဲ့ကြောင်း၊ မကွေး မြို့နယ်တရားရုံးရာကြီးရုံးတွင် အမှုအမှတ် ၁၉၃၉/၂၀၁၂ ဖြင့် လက်ခံခဲ့သောအမှုဖြစ်ကြောင်း အမှုမှတ်တမ်းမှ သတင်းရရှိသည်။

မကွေးမြို့နယ်တရားရုံးမှ DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် နှင့် ဦးဝင်းမြင့်လှိုင် (ခ)ဦးလှိုင်လှိုင် တို့ထံသို့ ရန်ကုန်ရုံချုပ်DVB သတင်းဌာန ဦးဇေယျ၊ မကွေးမြို့မှ ရုပ်သံသတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များ စုစုပေါင်း(၁၅)ဦးခန့် လာရောက်သတင်းယူ၍ အားပေးစကားပြောဆိုကြောင်း သတင်းရရယူခဲ့သည်။

ဝိုင်းကြည်အောင်
uwinkyi0@gmail.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။