/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, April 8, 2014

.

အမေစုကို အပြစ်မတင်ကြပါနဲ့ဗျာ

ခုရက်ပိုင်းမှာ NLD နာယကကြီး ဦးဝင်းတင် ဆေးရုံ တတ်တာကို ဒေါ်အောင်ဆန်း စုကြည့်မှ လာရောက် ကြည့်ရှု့ခြင်းမရှိသဖြင့် NLD ပါတီဝင်အတွင်း ဝေဖန် မှု တွေထွက်ပေါ်လာခဲ့ပါတယ်။


ဦးဝင်းတင်ကို အမေစုလာမကြည့် နိုင်တာကို အပြစ် မမြင်ကြပါနဲ့ဗျာ...။ အမေစု ခမျာအလုပ်များနေလို့ ဖြစ်ပါလိမ့်မယ်။ ဦးဝင်တင်လိုအဖိုးကြီးက သူအတွက်အ ရေးမကြီးလို့ဖြစ်ပါလိမ့်မယ်..။ ဦးဝင်းတင်ထက်အရေးကြီးအလုပ်တွေအများကြီး ရှိနေလို့ဘဲ ဖြစ်မှာ ပေါ့ဗျာ။...အမေစုက ၈၈ကျောင်းပြေးကိုကိုကြီးရဲ့ မင်္ဂလာဧည့် ခံပွဲလည်းတတ်ရသေး တယ်...။ အဆိုတော်တွေနဲ့ အပြိုင်ကြဲတဲ့ အလှူခံပွဲကြီးကိုလည်းတတ်ရသေးတယ်..။ နောက် ပြီး ဂျာမဏီသွားပြီး အနောက်နိုင်ငံများက တဖက်လှည့်နဲ့ထောက်ပံပေးတဲ့ ဆုသွားယူဖို့ ပြင်ဆင်နေရသေးတယ်..။ ဆုယူပြီးရင်လည်း အမေစုပြောနေကျအတိုင်း မြန်မာနိုင်ငံကိုအပုပ်ချမ ယ့် ဓာတ်ပြားဟောင်း အတွက်လည်း ပြင်ဆင် နေရသေးတယ်...။ ပြီးရင်လည်း သမ္မတဖြစ်ဖို့ နိုင်ငံတကာကိုလည်း တကြော် ကြော်နဲ့ ဘယ်လို ပူဆာပြီးအကူအညီတောင်းရမလဲဆိုတာစဉ်းစားရးအုံးမယ် လေ..။

ဒီလောက်အလုပ်များနေတဲ့အမေစုကို နားလည်ပေးလိုက်ကြပါဗျာ..။ ဦးဝင်းတင် ကိုသွားကြည့် တော့လည်း ဘာမှမထူးတော့ဘူးလေ...။ ဦးဝင်းတင်ကအသက်ကြီးပြီဆိုတော့ အမေစုအတွက် အထောက်အကူ သိပ်မရတော့ဘူးလေ..။အမေစု အတွက် အထောက်အကူများများပြုမယ့်သူတွေရဲ့ ဧည့်ခံပွဲတွေ အနောက်နိုင်ငံက ပေးတဲ့ဆုတွေသူဖို့အတွက်ဘဲ ဦးစားပေးမှာပေါ့နော်..။ အမေစုလည်း လိုချင်တပ်မက်မှု ရှိတဲ့ ပုထုစဉ်ဘဲကိုး....။

အော်တခုတော့ရှိတယ်...သူတို့နှစ်ယောက်ကြားမှာ အစာမကြေတဲ့ အဖုအထစ် လေးတွေရှိနေလို့လဲ ဖြစ်မှာပေါ့နော်..။ နားလည်ပေးလိုက်ကြပါဗျာ....။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။