/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 25, 2014

.

မိကျောင်းကန် မြေသိမ်းခံရသူများက စုံစမ်းရေးကော်မရှင်ဖွဲ့ရန် တောင်းဆို



သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊၂၊ ၃ မှ မြေသိမ်းခံရသူများဟုဆိုသူများက တတိယ အကြိမ် သပိတ်စခန်းကို ရန်ကုန်တိုင်းတရား လွတ်တော် ရုံးရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက် နံနက်က လူအင်အား ၂၀၀ ခန့် ဖြင့် ဖွင့်လှစ်လိုက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့ရန် လည်း တောင်းဆိုလိုက်ကြသည်။


မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သူ ခေါင်းဆောင် ဦးစိန်သန်းက “တပ်မတော်က မြေကို ပြန်လည်စွန့်လွတ်မှသာလျှင် ဒီသပိတ်စခန်းကို ရုတ်သိမ်းမှာပါ။ ဘယ်သူမှားလဲဆိုတာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့လိုက်ရင် မျှတမယ်လို့ထင်တယ်။ ဒီကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် တို့ လိုက်နာနိုင်မယ်” ဟုပြောသည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ ပြည်သူများ၏ တောင်းဆိုချက်များမှာ ဆန္ဒပြနေစဉ် ဘုရားဝင်းအတွင်း ဝင်ရောက်ခဲ့သည့် ဆန္ဒပြသူများကို တပ်စည်ပင်မှ ပုဒ်မ ၄၄၇၊ ပုဒ်မ(၁၈၆)များဖြင့် အမှုဖွင့်ထားခြင်းကို ပြန်လည်ရုတ်သိမ်းပေးရန်နှင့် အပြောင်းအရွှေ့ ပြုလုပ်စဉ်က နစ်နာခဲ့သူများအရေးကို လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းပေးရန်တို့ ပါဝင်သည်။

အထက်ပါတောင်းဆိုချက်များကို ညှိနှိုင်းပြီး တပ်သိမ်းမြေများ ပေးပါမည်ဟု တပ်မတော်က ကတိပြုမှာသာ သပိတ်စခန်းမှ ထွက်ခွာမည်ဖြစ်ပြီ အစိုးရအဖွဲ့က မဖြေရှင်းပါက ယင်းသပိတ်စခန်းတွင် မြေပြန်လည်မအပ်မချင်း မိကျောင်းကန်ပြည်သူများက တောင်းဆိုသွားမည်ဟု ဆိုသည်။

“လွတ်တော်မှာ အရေးကြီး အဆိုတင်သွင်းပေးမယ် အထူးအစီအစဉ်နဲ့ဆိုပြီး ပြည်သူလွတ်တော် ကိုယ်စား လှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်က နှုတ်ကတိတွေ ပေးထားပြီးပြီ။ အခုချိန်ထိ ထင်သာမြင်သာ မပြနိုင်ဘူး။ သူတို့ပြောထားတဲ့အတိုင်း အရေးကြီး အဆိုမတင်သွင်းနိုင်ဘူး” ဟု ဦးစိန်သန်းက ပြောသည်။

မိကျောင်းကန် မြေသိမ်းပြဿနာအား လယ်ယာမြေစုံစမ်းရေးကော်မရှင်က ဖြေရှင်းပေးမည်ဟု အဖွဲ့ဝင် ဦးအောင်သိန်းလင်း လက်မှတ် ရရှိသဖြင့် သပိတ်စခန်းကို ဒီဇင်ဘာ ၁၂ ရက် နေ့လည်က ပိတ်သိမ်း ခဲ့သည်။

မြေသိမ်းခံပြည်သူများ၏ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အစိုးရထံ စုံစမ်းရေးကော်မရှင်က တင်ပြပေးမည်ဟု ဆိုသဖြင့် မိကျောင်းကန် သပိတ်စခန်းဖွင့်သည့် ၁၇ ရက်မြောက်နေ့တွင် ဆန္ဒပြခြင်းကို ၃ လတာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

မိကျောင်းကန် မြေသိမ်းခံရသူဟုဆိုသူများသည် ဆန္ဒဖော်ထုတ်မှု ခုနှစ်ကြိမ်နှင့် သပိတ်စခန်း နှစ်ကြိမ် ဖွင့်လှစ်ခဲ့သည်။ မိကျောင်းကန် ၁၊၂၊ ၃ ရပ်ကွက် မြေသိမ်းဆည်းခံခြင်းခံရမှုကြောင့် နစ်နာသူ ၁၀၂၀ ဦးကို ကော်မရှင်ကို တင်ပြထားသည်။

Mizzima

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။