/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 20, 2014

.

ယာဉ်နှစ် ထပ် ရပ်ခြင်း နှင့် စည်း ကမ်းမဲ့ ရပ်ခြင်း များ ဖုန်းဆက် တိုင်ကြား နိုင်


1979500_735779483123626_303710347_n

မန္တလေးမြို့တွင်း ယာဉ်ကြောနှစ်ထပ်ရပ်နားခြင်းနှင့် ယာဉ်ကြောပိတ်ဆို့အောင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို တွေ့ရှိပါက စည်ပင် မော်တော်ယာဉ်ဌာနနှင့် ယာဉ်ထိန်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ် တိုင်ကြားနိုင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


စက်ရုံနှင့် မော်တော်ယာဉ်ဌာန ၀၂- ၈၀၁၅၇ နှင့် အမှတ် (၁၁) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ယာဉ်မှုစစ်ဌာန ၀၂-၆၀၂၃၁ တို့ကို ဆက်သွယ်တိုင်ကြားနိုင်သည်။

“ယာဉ်မောင်းရှိရင်လည်း ချက်ချင်းဒဏ်မရိုက်ဘဲ တရားရုံးမှာပဲ ဒဏ်ငွေ သွားဆောင်စေမယ်၊ ပိုင်ရှင်မရှိတဲ့ ယာဉ်ဆိုရင်တော့ အဲနေရာမှာအသိပေးစာ ကပ်ထားခဲ့မယ်” ဟု ၎င်းက ပြောသည်။

မည်သူမဆို ဆက်သွယ်တိုင်ကြားနိုင်ပြီး ထိုသို့ တိုင်ကြားလာပါက ၎င်းယာဉ်ကို ကရိန်းယာဉ်ဖြင့် လာရောက် ဆွဲယူသွားမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်က ယာဉ်သယ်ကရိန်းဖြင့် ဆွဲခ ကျပ် ငါးသောင်းနှင့် စည်ပင်သာယာတရားရုံးက ချမှတ်သည့် ဒဏ်ငွေတို့ကို ပေးဆောင်ရမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇွန်လမှစ၍ ဈေးချိုအနီး စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားသည့်မည်သည့်ယာဉ် မဆို ယာဉ်သယ်ကရိန်းဖြင့် ဆွဲယူအရေးယူခဲ့ရာ ယနေ့အထိ အစီးရေ ငါးရာကျော် ရှိပြီဖြစ်သည်။

၎င်းယာဉ်ဖြင့် ဈေးချိုအနီးတဝိုက်တွင်သာမက မြို့တွင်း မည်သည့် နေရာတွင်မဆို ယာဉ်ကြောပိတ်ဆို့အောင် စည်းကမ်းမဲ့ယာဉ်နှစ်ထပ် ရပ်နားခြင်း၊ အချိန်ကြာမြင့်စွာ ရပ်နားခြင်းတို့ကို စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။

ယာဉ်သယ်ကရိန်းယာဉ်ကို တရုတ်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ တစ်စီးသာရှိပြီး လာမည့်ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးကော်မီတီ၏ ဘတ်ဂျက်အရ ၀ယ်ယူဖြည့်တင်းရန် အစီအစဉ်ရှိသည်ဟု သိရသည်။

Mizzima – News in Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။