/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 21, 2014

.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း

Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။ 

UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေတာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ်တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ်ဆိုရင် ပြင်ရမှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။

Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။

UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။

Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။

UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

“မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ”

Voice : ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်နေတဲ့ လွှတ်တော်တွင်း အမတ်အချို့ အပါအဝင် ပြည်သူတွေက မပြင်ချင်ပါဘူးဆိုတဲ့ တုံ့ပြန်မှုတွေကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။

UWM : မချေပချင်ပါဘူး။ ဒီလို ယှဉ်ပြီးတော့လည်း တုံ့ပြန်ပြီး မပြောချင်ဘူး။ ကိုယ့်ယုံကြည်ချက်ကိုပဲ ပြောချင်တယ်။ သူတို့ ပြောနေတာတွေကို လိုက်ပြီး ဖြေရှင်းနေတာမျိုး မလုပ်ချင်ပါဘူး။ အတိုက်အခိုက် မလုပ်ချင်ပါဘူး။ ပြင်ချင်တဲ့သူရှိမယ်။ မပြင်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ်ယုံကြည်ရာကို ပြောဆို ထင်မြင်ယူဆခွင့် ရှိနေတာပဲ။ သို့သော် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမူကို ကိုင်ပြောတာပါ။ လူတစ်ဦး တစ်ယောက်အတွက် ပြင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ယခင် အခြေခံဥပဒေတွေမှာ ပါခဲ့မယ်ဆိုရင် ဦးနေဝင်းနဲ့ ရတနာနတ်မယ်နဲ့ ယူလို့မရဘူး။ စဝ်ရွှေသိုက်လည်း သမ္မတ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေခံဥပဒေတွေ ကိုလေ့လာပါ။ ဒီလို ၅၉ (စ)လို ပုဒ်မ မပါဘူး။ ဒါက အစကတည်းက လူတစ်ဦး တစ်ယောက်အတွက် ကန့်သတ်ပြီး ရေးခဲ့တာ။ အခုက အန်ကယ်တို့ ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) အတွက် ရည်ရွယ်ပြီးပြင်ဖို့ ပြောနေတာ မဟုတ်ဘူး။

Voice : ဒီပုဒ်မ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှ ဖြစ်မယ်ဆိုတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မပြင်ချင်ဘူးလို့ လွှတ်တော်မှာ သဘောထား မှတ်ချက်ပေးရင် ဘယ်လိုလုပ်မလဲ။

UWM : အဖွဲ့အစည်းတွေ၊ ပါတီပိုင်းတွေကို ကွဲပြားတဲ့ အချက်တွေ ထည့်သွင်း မပြောချင်ပါဘူး။ အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်။ လူ့အခွင့်အရေး ကြေညာ စာတမ်းမှာလည်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခွင့် ရှိတယ်ဆိုတာ ပါပြီးသားပဲ။ ပြည်သူ ဆန္ဒရှိတဲ့သူကို ကြိုးတုပ်ပြီး ပြည်သူ့ဆန္ဒ မရှိတဲ့သူကို ရွေးကောက် တင်မြှောက်မယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။

Voice : ဒီ ၅၉ (စ) ပြင်ဆင်ရေးဟာ အောင်မြင်မယ်လို့ မျှော်လင့်ပါသလား။

UWM : အောင်မြင်တဲ့အထိ ကြိုးစားမယ်။ ဒီမိုကရေစီ တောင်းဆိုမှုကြောင့် သေသွားတဲ့ လူတွေရဲ့လမ်းမှာ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။

Voice : ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်း လုပ်ကိုင်မယ်ဆိုတဲ့ အသံတွေနောက်မှာ သူ့အနေနဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကူညီမယ်လို့ ထင်ပါသလား။

UWM : ကြိုတင်ပြီးလည်း မပြောချင်ပါဘူး။ အကြောင်းအရာ အချက်အလက် ထွက်လာမှပဲ ပြောလို့ရမှာပါ။ လူတစ်ယောက် စိတ်ထဲရှိတာကိုတော့ အကြားအမြင် မရတော့ မပြောတတ်ပါဘူး။ ဘုရားဟော အတိုင်းပဲ လက်တွေ့ကျကျ ပစ္စုပ္ပန်ပဲ ကြည့်ပါမယ်။

(oppositeyes)

Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။

UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေတာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ် တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ်ဆိုရင် ပြင်ရ မှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ် တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။

Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။


UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။

Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။

UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

“မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ”

Voice : ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်နေတဲ့ လွှတ်တော်တွင်း အမတ်အချို့ အပါအဝင် ပြည်သူတွေက မပြင်ချင်ပါဘူးဆိုတဲ့ တုံ့ပြန်မှုတွေကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။

UWM : မချေပချင်ပါဘူး။ ဒီလို ယှဉ်ပြီးတော့လည်း တုံ့ပြန်ပြီး မပြောချင်ဘူး။ ကိုယ့်ယုံကြည်ချက်ကိုပဲ ပြောချင်တယ်။ သူတို့ ပြောနေတာတွေကို လိုက်ပြီး ဖြေရှင်းနေတာမျိုး မလုပ်ချင်ပါဘူး။ အတိုက်အခိုက် မလုပ်ချင်ပါဘူး။ ပြင်ချင်တဲ့သူရှိမယ်။ မပြင်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ်ယုံကြည်ရာကို ပြောဆို ထင်မြင်ယူဆခွင့် ရှိနေတာပဲ။ သို့သော် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမူကို ကိုင်ပြောတာပါ။ လူတစ်ဦး တစ်ယောက်အတွက် ပြင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ယခင် အခြေခံဥပဒေတွေမှာ ပါခဲ့မယ် ဆိုရင် ဦးနေဝင်းနဲ့ ရတနာနတ်မယ်နဲ့ ယူလို့မရဘူး။ စဝ်ရွှေသိုက်လည်း သမ္မတ ဖြစ်လာစရာ အကြောင်း မရှိဘူး။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေခံဥပဒေတွေ ကိုလေ့လာပါ။ ဒီလို ၅၉ (စ)လို ပုဒ်မ မပါဘူး။ ဒါက အစကတည်းက လူတစ်ဦး တစ်ယောက်အတွက် ကန့်သတ်ပြီး ရေးခဲ့တာ။ အခုက အန်ကယ်တို့ ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) အတွက် ရည်ရွယ်ပြီးပြင်ဖို့ ပြောနေတာ မဟုတ်ဘူး။

Voice : ဒီပုဒ်မ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှ ဖြစ်မယ်ဆိုတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မပြင်ချင်ဘူးလို့ လွှတ်တော်မှာ သဘောထား မှတ်ချက်ပေးရင် ဘယ်လိုလုပ်မလဲ။

UWM : အဖွဲ့အစည်းတွေ၊ ပါတီပိုင်းတွေကို ကွဲပြားတဲ့ အချက်တွေ ထည့်သွင်း မပြောချင်ပါဘူး။ အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်။ လူ့အခွင့်အရေး ကြေညာ စာတမ်းမှာလည်း ဆန္ဒမဲ ပေးပိုင် ခွင့် ရှိသူက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခွင့် ရှိတယ်ဆိုတာ ပါပြီးသားပဲ။ ပြည်သူ ဆန္ဒရှိတဲ့သူကို ကြိုးတုပ်ပြီး ပြည်သူ့ဆန္ဒ မရှိတဲ့သူကို ရွေးကောက် တင်မြှောက်မယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။

Voice : ဒီ ၅၉ (စ) ပြင်ဆင်ရေးဟာ အောင်မြင်မယ်လို့ မျှော်လင့်ပါသလား။

UWM : အောင်မြင်တဲ့အထိ ကြိုးစားမယ်။ ဒီမိုကရေစီ တောင်းဆိုမှုကြောင့် သေသွားတဲ့ လူတွေရဲ့လမ်းမှာ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။

Voice : ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်း လုပ်ကိုင်မယ်ဆိုတဲ့ အသံတွေနောက်မှာ သူ့အနေနဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကူညီမယ်လို့ ထင်ပါ သလား။

UWM : ကြိုတင်ပြီးလည်း မပြောချင်ပါဘူး။ အကြောင်းအရာ အချက်အလက် ထွက်လာမှပဲ ပြောလို့ရမှာပါ။ လူတစ်ယောက် စိတ်ထဲရှိတာကိုတော့ အကြားအမြင် မရတော့ မပြောတတ်ပါဘူး။ ဘုရားဟော အတိုင်းပဲ လက်တွေ့ကျကျ ပစ္စုပ္ပန်ပဲ ကြည့်ပါမယ်။

From: (oppositeyes)

2 comments:

  1. အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်-လို့-ဖာခေါင်းကြီး ဦးဝင်းမြင့်က ပြောဆိုနေပေမဲ့ တကယ်လက်တွေ့မှာတော့..အချုပ်အခြာ အာဏာကို ဖာမကြီး ဒေါ်စုကြည်နဲ့ဖာခေါင်း N L D က-လူတွေကပဲ ချုပ်ကိုင်ချယ်လှယ်ချင်ကြပါကြောင်း အထင်အရှား တွေ့မြင်နိုင်ပါတယ်..ပြည်သူလူထု-ဆိုတာကို ဆွဲမထည့်ပါနဲ့--၅၉ (စ) ကို ပြည်သူလူထုက ပြင်ချင်နေတာ မဟုတ်ဘူးသိလဲ မသိဘူ.. N L D က--အာဏာရှုးများကသာ ၅၉ (စ) ကို မဟားတရား ပြင်ချင်နေကြတာပဲ ဖြစ်ပါတယ်..

    ReplyDelete
  2. ဝင်းမြင့် မြန်မာပြည်မှာမင်းတို့ပါတီတစ်ခုတည်းရှိတာမဟုတ်ဘူး

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။