/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 21, 2014

.

ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ စည်းကမ်း ထိန်းသိမ်းရေးမှ ဆုံးဖြတ်ချက် ချမှတ်

MNL Myanmar 2014 ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖေဖော်ဝါရီ(၁၅) ရက်နေ့ အောင်ဆန်းကွင်း ပွဲစဉ်မှ ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဆုံးဖြတ်ချက်အား ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။


၁။ MNL Myanmar 2014 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် (၁၅.၂.၂၀၁၄)ရက်နေ့ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းတွင် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ် အပြီး ဇွဲကပင် ယူနိုက်တက် အသင်း တာဝန်ရှိသူ ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား လက်ရောက် ကျူးလွန်မှုဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ အရေးယူပေးပါရန် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပရေးမှ တင်ပြလာပါသည်။

၂။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် (၁၉.၂.၂၀၁၄) ရက်နေ့တွင် တစ်ကြိမ် (၂၀.၂.၂၀၁၄) ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တစ်ကြိမ် ထပ်မံ အစည်းအဝေး ပြုလုပ် ၍ အစီရင်ခံ စာများကို ဖတ်ရှု့လေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုအား ကြည့်ရှု့ခြင်းနှင့် ကာယကံရှင် ဒိုင်လူကြီးအား ခေါ်ယူမေးမြန်းခြင်း၊ ဇွဲကပင် အသင်း၏ အသနားခံစာကို ဖတ်ရှု့လေ့လာ ခြင်း၊ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးနောက် FIFA Disciplinary Code, Section (2) Article 49 နှင့် 52(b)၊ MNL စည်းကမ်း ထိန်းသိမ်းရေးမူ (၁၃)အရ အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ပါသည်။

(က)ဇွဲကပင် အသင်းမှ တာဝန်ရှိသူ တစ်ဦးအနေဖြင့် ကျူးလွန်ခဲ့သည့် အတွက် ဇွဲကပင် အသင်းမှ ဒဏ်ကြေးငွေကျပ် တစ်ဆယ့်ငါးသိန်း(၁၅,၀၀,၀၀၀ိ/-) ပေးဆောင်ရန်။

(ခ) ၄င်းနေ့ တာဝန်ကျဒိုင်လူကြီး ဦးလှမင်း၏ သည်းခံ ခွင့်လွှတ်ခဲ့ခြင်း အပေါ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ မှတ်တမ်း တင်ပါသည်။

(ဂ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ ကြီးမှူး ကျင်းပသော ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နေကြသော ဘောလုံး ကလပ် အသင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် အဆင့်ဆင့်သည် သက်ဆိုင်သည့် စည်းမျဉ်း စည်းကမ်း အားလုံးကို အလေးထား စောင့်ထိန်းကြရန်။

(ဃ) နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက် ပါက ပိုမိုကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ် အရေးယူ သွားမည် ဖြစ်ပါသည်။

(င) MNL ဘောလုံးပြိုင်ပွဲများတွင် တာဝန်ယူကြီးကြပ်နေသော MFF ဒိုင်လူကြီးများ အနေဖြင့် ဘောလုံးပြိုင်ပွဲများ ချောမောပြေပြစ်စွာ ကျင်းပ သွားနိုင်ရေး အတွက် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက် ကြရန်။

၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်အား လိုက်နာပါရန် အကြောင်းကြားအပ်ပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။