/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 21, 2014

.

မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်



ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အနီးတွင် တည်ရှိသော မြ တည်းခို ရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့ သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။


အဆိုပါ မလေးရှားနိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဖေဖော် ဝါရီလ ၂၀ ရက်နေ့ ညလေးနာရီခန့်တွင် အင်ဘာလာ ရပ်ကွက်သို့ ဝင်သွားခဲ့ပြီး ညခြောက်နာရီ သုံးဆယ် မိနစ်ခန့်တွင် ပြန်ထွက် လာကြောင်း၊ ယင်းလုပ်ရပ်သည် မလေးရှားနိုင်ငံတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သံသယ ဖြစ်ပွားကာ လူစုလူဝေးဖြင့် တေင်းဆိုသည် အထိ ဖြစ်ပွား သွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြား သည်။


မလေးရှားနိုင်ငံသားများကိုထုတ်ပေးရန်လူစုလူဝေးဖြင့် တောင်းဆို နေသည်မှာ မှန်ကန်သော်လည်း ဖြစ်စဉ်အသေးစိတ်ကို သိရှိရန် မလေးရှား နိုင်ငံသားများကို လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊စည်ပင်သာယာ ကော်မတီ၊ ရဲတပ်ဖွဲ့တို့က ပူးပေါင်း စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြော ကြားသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။