/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 9, 2014

.

NLD က ပြည်သူတွေအတွက် ပေးဆပ်ခဲ့တာလား...။ ပြည်သူတွေက NLD အတွက် ပေးဆပ်ခဲ့ရတာပါလား

အန်တီစုကြားဖြတ်ရွေးကောက်ပွဲဝင်တာက ၂ဝ၁ဝ နောက်ပိုင်းမှပါ...။

အန်တီ့အနေနဲ့ ၂ဝဝ၈ ကတည်းက ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံကို ဆန္ဒပြမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ မဝင်ခင်တည်းက ၅၉(စ) မပြင်ပေးရင် ကြားဖြတ်မဝင်ဘူးလို့ ပြောခဲ့သင့်တယ်...။ ဒါမှ ပိုပြီး effective ဖြစ်နိုင်လိမ့်မယ်...။


ဒီဥပဒေကို မကျေနပ်ဘူးဆိုရင် ဒီဥပဒေနဲ့ကိုယ့်ကိုရွေးမှာလည်း သဘောကျဖို့ မရှိပါ...။ ကိုယ်သဘော မကျတဲ့ဥပဒေထဲက အချက်တွေနဲ့ ကိုယ့်ကိုရွေးမှာဆိုတော့ ကျွန်တော်သာဆို ဒီဥပဒေကြီးကို သတီမှာ မဟုတ်တာ သေချာပါတယ်...။

ကိုယ်သမ္မတမဖြစ်နိုင်တဲ့ ပုဒ်မတစ်ခုမှန်းသိခဲ့ရဲ့နဲ့ ပြင်မပေးသေးဘဲ ကြားဖြတ်တော့ ဝင်လာခဲ့ပြီးမှ သမ္မတ မဖြစ်ရရင် ဆန္ဒပြမယ်ဆိုတာတော့ ပြည်သူတွေကို ပင်ပန်းစေတာပါပဲ...။ (တခြားပုဒ်မတွေကို ဆန္ဒရှိသလို ညှိနှိုင်းပြင်နိုင်ပါတယ်)

အရင်က အန်တီတစ်ခုခုလုပ်ရင် ပြည်သူတွေအားလုံး ရှေ့ကနေ စစ်အာဏာရှင်တွေရဲ့ အနှိပ်စက်ခံ၊ ထောင်ထဲ အရောက်ခံပြီး ကာကွယ်ပေးခဲ့ကြတယ်...။

အရင်က စစ်အာဏာရှင်နဲ့ ကိုယ့်ကိုချစ်တဲ့ ပြည်သူတွေကို ထိပ်တိုက်တွေ့ပေးခဲ့တယ်....။ အခုဆိုရင် အန်တီ့ကို အားပေးသူနဲ့ အန်တီ့ကိုသဘောမကျတဲ့ပြည်သူတွေဟာ အားမျှခြေအနေအထားလောက်ကို ရောက်နေပြီဆိုတော့ ဒီတစ်ခါဆန္ဒပြရင် ထောက်ခံသူနဲ့မထောက်ခံသူ ပြည်သူချင်း ထသတ်ကြမယ့် အနေအထားတစ်ခု ရောက်သွားနိုင်ပါတယ်...။

အန်တီကိုချစ်ကြလို့ လူတစ်ယောက်အန္တရာယ်ကင်းဖို့ ပြည်သူတွေများစွာ အသက်ပေးခဲ့ကြပါပြီ....။ NLD အတွက် ပြည်သူတွေ နှစ် ၂ဝ ကျော်ပေးဆပ်ခဲ့ကြပြီးပါပြီ...။

(တစ်ခုလေးမေးပါရစေ...။ NLD က ပြည်သူတွေအတွက် ပေးဆပ်ခဲ့တာလား...။ ပြည်သူတွေက NLD အတွက် ပေးဆပ်ခဲ့ရတာပါလားခင်ဗျာ...။)

ကိုကိုးအိမ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။