/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 9, 2014

.

ဆိုင်ကယ် စီးဦးထုပ် ဆောင်းထား ခြင်းက သေဆုံးမှုကို ၄၀ ရာခိုင်းနှုန်း လျော့ကျစေ ဟုဆို


63677_399456040201307_1565352642_n

ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းကာ စီးနင်း သည့်အခါ မတော် တဆဖြစ်စဉ် တစ်စုံတစ်ခု ကြုံတွေ့ ချိန်တွင် သေဆုံးမှုကို ၄၀ ရာခိုင်းနှုန်း လျော့ကျစေ နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ 2013 Global Road Safety တွင် ဖော်ပြထားကြောင်း ဆိုင်ကယ်နှင့် ပတ်သက်၍ လေ့လာနေသူတစ်ဦးက ပြော ကြားသည်။

ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦး ထုပ်ဆောင်း ကြရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၉၀၌ ဥပဒေများ ထုတ်ပြန်ထားလျက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများ အခန်း (၇) ပုဒ်မ ၁၇၄ တွင် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များကို ပြဋ္ဌာန်းပေးထားပြီးလည်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ဂရုတစိုက်လိုက်နာ စီးနင်းလုပ်ဆောင်ခြင်းဖြင့် ထိခိုက်သေဆုံးမှု ဖြစ်စဉ်များ လျော့ကျစေပြီး သေဆုံးခြင်းကြောင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်း အမြစ်များ ပြုန်းတီးပျောက်ဆုံး သွားခြင်းကိုလည်း ကာကွယ်ရာ ရောက်စေနိုင်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။