/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 9, 2014

.

ဘန်ကောက်မြို့လုံးကျွတ် ပိတ်ဆို့ဆန္ဒပြမည့် ဇန်နဝါရီ ၁၃ တွင် မြန်မာလုပ်သားများ ရှောင်ရှားသွားလာကြရန် သံရုံးသတိပေး



ဘန်ကောက်တစ်မြို့လုံး ပိတ်ဆို့ ဆန္ဒပြမှု ပြုလုပ် မည့် ယခုလ ၁၃ ရက် နေ့၌ မြန်မာလုပ်သားများ အနေနှင့် ဆန္ဒပြနေရာများကို ရှောင်ရှားသွားလာကြ ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက ဇန်နဝါရီ ၆ ရက်နေ့ရက်စွဲဖြင့် သတိပေးတိုက်တွန်း နှိုးဆော်ချက် ထုတ် ပြန်ထားသည်။


ထိုင်းနိုင်ငံအတွင်းပြည်တွင်း နိုင်ငံ ရေး အခြေအနေ များနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး ၄င်း အခြေ အနေများအတွင်း၌မြန်မာနိုင်ငံသားများ အနေနှင့်လုံခြုံရေး အတွက်အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ထိုထုတ်ပြန် ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပေါ်နေ သည့် နေရာဒေသများအား ရှောင်ရှား ရန်အပြင် အဆိုပါ ဆန္ဒပြနေ့ရက် မတိုင် မီ ထိုင်းနိုင်ငံတွင်း ရှေ့ပြေးပြု လုပ်မည့် နိုင်ငံရေးနှင့် ပတ်သက်သော လူစုလူဝေး များ၊ ဆန္ဒပြမှု များနှင့် လူစုရုံးချီတက်ခြင်း များ တွင်ပါ ပါဝင်ပတ်သက်ခြင်းမပြုရန် လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ သံရုံးအနေဖြင့် ထိုင်း -မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကောင်း မွန်မှု အခြေအနေများ ထိန်းသိမ်း ရန်နှင့် ချစ်ကြည်ရေးပျက်ပြားစေမည့် အပြုအ မူများ ရှောင် ရှားနိုင်ရန် တိုက်တွန်းနှိုး ဆော်ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ထို့အပြင် ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအနေဖြင့် ဆန္ဒပြ လူစု လူဝေးရှိရာ ဒေသများ သိရှိနိုင်ရန် သတင်း၊ မီဒီယာများ မပြတ်တမ်း လေ့ လာရန် လိုအပ်မည်ဟု အကြံပြုထား သည်။ အဆိုပါ ကိစ္စရပ်များ အတွက် ထိုင်း နိုင်ငံရောက်မြန်မာများအပေါ်မည်ကဲ့သို့ သော အကာအကွယ် များပေးသွားရန် ရှိမည်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး သို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေး မြန်းသော်လည်း မရခဲ့ပေ။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၌လည်း ထိုင်းတွင် မြန်မာနိုင်ငံသားတစ် ဦး ထိုင်းအစိုးရအတိုက်အခံများ ဆန္ဒပြ ရာနေရာအနီးဖြတ်သွားရာ မှ သေနတ် ထိမှန်ခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။