/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 15, 2014

.

လားရှိုးတွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းမိ

ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုး မြို့တွင် မူးယစ်တပ်ဖွဲ့မှ သတင်း အရ ရှာဖွေရာ နယ်မြေ(၂) ရပ်ကွက်(၁၁) အတွင်းရှိ နေအိမ် တစ်အိမ်မှ စိတ်ကြဆေးပြား များနှင့်အတူ ဘိန်းဖြူဖမ်းဆီး ရမိ ခဲ့ကြောင်း လားရှိုးမြို့မရဲစခန်း မှ သိရသည်။


မူးယစ်တပ်ဖွဲ့စု (၂၄)မှ ရဲအုပ်ငြိမ်းချမ်းစိုး ဦးစီး၊ ရဲ အုပ်ခင်သီတာနှင့် အဖွဲ့ဝင် များ မှာ ရပ်ကွက်(၁၁) နယ်မြေ(၂) ရှိ အမျိုးသမီးတစ်ဦး၏နေအိမ် ကို သတင်း အရ သက်သေများ နှင့်အတူ ၀င်ရောက်ရှာဖွေရာ မှ မူးယစ်ဆေးဝါး များနှင့်အတူ ရောင်းချသုံးစွဲသူများကို ဇန်န ၀ါရီ ဒုတိယပတ်အတွင်းက ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။

““၉ရက်နေ့က ဖမ်းမိတာ ပါ။ အမျိုးသမီးတစ်ဦးက မူးယစ် ဆေးဝယ် ယူသူတွေကို ထွက်ဆို ချက် ပေးထား ပါတယ်””ဟု မူး ယစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့ မှ ၀င်ရောက်ရှာဖွေရာ အမျိုး သမီးတစ်ဦး၏ အနွေးထည် အင်္ကျီအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် ၈၈ နှင့် ၁ စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြရူးသွပ်ဆေး ပြား ၄၃ပြား၊ အလေးချိန် ၃ ဒသမ၈၇ဂရမ် တန်ဖိုးငွေ ကျပ် ၈၆၀၀၀နှင့် အအေးစုပ်ပိုက် တစ်ပိုက်လျှင် ဘိန်းဖြူမှုန့် သုည ဒသမ၀၁ဂရမ် ဆယ်ပိုက် စုစု ပေါင်းအလေး ချိန် သုညဒသမ ၁ဂရမ်အား တွေ့ရှိ ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးတစ်ဦးက စိတ် ကြရူးသွပ်ဆေးပြားများကို ရှောက်ရှို(က)ထံမှ ၎င်းင်းဘိန်းဖြူ များကို အားဟုန် ထံမှ ၀ယ်ယူခဲ့ ကြောင်းနှင့် မူးယစ်ဆေးဝါး များ ရောင်းချသုံးစွဲသူ- အမျိုးသမီး တစ်ဦး(မ) (ဘ)ဦးလီရှောက် ကျင်နှင့်။ ရှောက် ရှို (ကျား)(ဘ) ဦးလီဆီး ရတနာလမ်းသွယ်၊ ရပ်ကွက်(၁၁)နယ်မြေ (၅)နေ နှင့် သန်းဦး(ခ)အားဟုန်(ကျား) (ဘ)ဦးနာချီရီကို လားရှိုးမြို့မ ရဲစခန်းမယ(ပ)၅/၂၀၁၄၊ မူး စိတ်ပုဒ်မ-၁၅/၁၉ (က)/၂၁ အရ အရေးယူထားကြောင်း သိရသည်။

အလားတူ သန်းဦး(ခ)အားဟုန်ထံမှ ပင်နယ်စလင် ပုလင်းဖြင့်ထည့်ထား သည့် ဘိန်း ဖြူမှုန့် အလေးချိန် သုည ဒသမ ၁၄ဂရမ်ကို ထပ်မံတွေ့ရှိ သဖြင့် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချသူ သန်းဦး(ခ) အားဟုန်(ကျား)(ဘ)ဦးနာချီရီကို လားရှိုးမြို့မ ရဲစခန်းမှ မယ(ပ)/၂၀၁၄၊ မူးစိတ်ပုဒ်မ-၁၅/၁၆(ဂ)အရ ထပ်မံ အရေးယူဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

yangon media group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။