/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, January 4, 2014

.

ရွှေမျော်မှန်းထားသော မသန်စွမ်း လှံတံပစ် အားကစားသမားများ ပြင်းထန်စွာလေ့ကျင့်



(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းပြိုင်ပွဲ ကျင်းပရန် ရက်နီးလာ ချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၁) ၌ မြန်မာမသန်စွမ်း လှံတံပစ် အားကစားသမားများသည် စွမ်း ဆောင်ရေနှင့် ရွှေတံဆိပ်ရရှိရေး စိတ်ဓာတ်ခိုင်မာစွာ လေ့ကျင့်လျက် ရှိကြောင်း သိရသည်။


မြန်မာမသန်စွမ်း လှံတံပစ် အားကစားအဖွဲ့ကို မြန်မသန်စွမ်း ပြေးခုန်ပစ် အားကစားအဖွဲ့မှ နည်းပြဆရာမ ဒေါ်အေးအေးမူက တာဝန်ယူ လေ့ကျင့်ပေးလျက်ရှိသည်။

“မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားအဖွဲ့မှ အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၅၈ ဦးတည်သာ ပါဝင်ယှဉ်ပြိုင်သော်လည်း ပြိုင်ပွဲပေါင်း ၁၂၀ ကျော်ရှိသည့်အတွက် သတ်မှတ်ထားသော ဆေးအဆင့်အလိုက် ပွဲစဉ်များတွင် ရွှေတံဆိပ်ရယူနိုင်ရန် စိတ်ဓာတ်ခိုင်မာစွာထားရှိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လှံတံပစ် နည်းပြဆရာမ ဒေါ်အေးအေးမူက ပြောကြားခဲ့သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။