/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 3, 2013

.

ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေး လိုလားခဲ့ခြင်းကြောင့် NLD ပါတီ လွှတ်တော်ထဲရောက်လာနိုင်ခြင်းဖြစ်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မေတ္တာ ရပ်ခံချက် အပေါ် NLD ပါတီရဲ့ နံပတ် ၂ ခါ ထပ်နေတဲ့ ထုတ်ပြန်ကြေညာချက် နှင့်ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲ ရေး လိုလားခဲ့ခြင်းကြောင့် NLD ပါတီ လွှတ်တော် ထဲရောက်လာနိုင်ခြင်းဖြစ်ကြောင်း ဦးရဲထွဋ်မှ ပြောကြားလိုက်သည်။


ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်တို့ပါဝင်သော တွေ့ဆုံဆွေးနွေးရန် မေတ္တာ ရပ်ခံချက် တစောင် နိုဝင်ဘာလနှောင်းပိုင်းတွင် ပေးပို့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် သည် စောလွန်းပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ တွေ့ဆုံသင့်၊ မတွေ့ဆုံသင့် ဆုံးဖြတ်သင့်ကြောင်း၊ ယခုအချိန် တွေ့ဆုံမည် ဆိုပါက လွှတ်တော် ကော်မတီအပေါ် ဖိအားပေးရာ ရောက်မည့်အပြင် ရှုပ်ထွေးမှုများ ရှိနိုင်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

“သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် NLD လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ တုံ့ပြန်ချက်က အခြေခံဥပဒေပြင်ဆင်ရေးကို ဟန့်တားတာမဟုတ်ဘူး။ နည်းမှန်လမ်းမှန် ဆောင်ရွက်သင့်ကြောင်း ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုပြင် ပြောင်းလဲရေးကို အဟန့် အတားဖြစ်စရာအကြောင်းမရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး အစိုးရဘက်က အချိန် ရွှေ့စရာ အကြောင်း မရှိပါဘူး။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လုပ်ပိုင်ခွင့် ကို ပြည်ထောင်စု လွှတ်တော် အား အပ်နှင်းထားတာဖြစ်ပါတယ်။ မြန်ခြင်း၊ နှေးခြင်းက ပြည်ထောင်စု လွှတ်တော် နဲ့ ပဲ ဆိုင်ပါတယ်´´ ဟု ဦးရဲထွဋ်က ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တွေ့ဆုံဆွေးနွေးရန် ရှောင်တိမ်း ခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီမလိုလား၍ ဖြစ်ကြောင်း သြစတြေးလျခရီးစဉ်အတွင်း ထုတ်ပြန် ပြောဆို ထားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။