/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, December 6, 2013

.

လိုင်ဇာသို့ လမ်းလျှောက်ခဲ့သူ နှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့ပြီး လမ်းလျှောက်သူနှစ်ဦးက ထောင်ဒဏ်ကျခံ

ကချင်ပြည် နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ အနက် နှစ်ဦး ကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ် တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် လှိုင်မြို့နယ် တရားရုံး အပါအ၀င် ကျန်မြို့နယ် တရားရုံး ခုနစ်ရုံးတွင် ဒဏ်ငွေတစ်သောင်းစီ သီးခြားပေးဆောင်ရန် ချမှတ်ခဲ့ပြီး ပျက်ကွက် ပါက ထောင်ဒဏ်တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။


ထိုသို့ တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် မြို့နယ်တရားရုံး ခုနှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ကျခံရန် အမိန့်ချ မှတ်မှုကို ငြိမ်းချမ်းရေး လမ်းလျှောက်သူ နှစ်ဦးဖြစ်သည့် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်က မိမိတို့တွင် အပြစ်မရှိဟု ခံယူသဖြင့် ငွေဒဏ်အမိန့်ကို ပေးဆောင်ခြင်း မပြုခဲ့ပေ။ သို့ဖြစ်၍ တရားရုံး၏ အမိန့်ကို ပျက်ကွက် ခဲ့ခြင်းကြောင့် တစ်ဦးစီ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် ခုနှစ်လကို ကျခံရမည်ဖြစ်သည်။

အဆိုပါ လှိုင်မြို့နယ် တရားရုံးမှ ချမှတ်လိုက်သော အမိန့်သည် ကျောက်တံတားမြို့နယ် တရားရုံး၊ ပန်းပဲတန်းမြို့နယ် တရားရုံး၊ လသာမြို့နယ် တရားရုံး၊ ကမာရွတ်မြို့နယ် တရားရုံး၊ ကြည့်မြင်တိုင်မြို့နယ် တရားရုံး နှင့် လမ်းမတော်မြို့နယ် တရားရုံးတို့တွင်ပါ အကြုံးဝင်ကြောင်း သိရသည်။

''ကျွန်တော်တို့တွေက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့တဲ့ သူတွေပါ။ အစိုးရကို ပုန်ကန်တဲ့ သူတွေလည်း မဟုတ်ပါဘူး။ တရားရုံး ချမှတ်လိုက်တဲ့ ငွေဒဏ်ကို ကျွန်တော်တို့ အပြစ်မရှိတဲ့ အတွက် မပေးဆောင်နိုင်ပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် လမ်းလျှောက် ခဲ့ခြင်း ဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ ခံယူပါတယ်'' ဟု ဒီဇင်ဘာ ၅ ရက်တွင် ကိုရန်နိုင်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ငြိမ်းချမ်းရေး လမ်းလျောက်အဖွဲ့သည် ရန်ကုန်မြို့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်တွင် ထွက်ခွာခဲ့ပြီး မတ် ၁၇ ရက်တွင် လိုင်ဇာသို့ ရောက်ရှိကာ ရက်ပေါင်း ၅၆ ရက်ကြာ လမ်းလျှောက်ခဲ့ကြသည်။

Eleven

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။