/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 17, 2013

.

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်သို့ ဆက်လက်တင်ပြနိုင်ရေး ကော်မတီအစည်းအဝေး ဇန်န၀ါရီ ၇ ရက်တွင်ပြုလုပ်မည်



ပြည်သူများထံမှ ရောက်ရှိလာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက် များကို လွှတ်တော်သို့ ဆက်လက်တင်ပြ နိုင်ရေး အတွက် အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီအစည်း အဝေးကို ဇန်န၀ါရီ ၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအေးမောက်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြော ကြားသည်။


ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံသည့်အချိန်အား ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်သည်။ အဆိုပါပြည်သူများ၏ အကြံပြုချက်များအား ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ရာ ၎င်းကိစ္စနှင့် ပတ်သက်၍ ယခုအစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးအေးမောက်က ဆို သည်။

"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဇန်န၀ါရီ ၇ ရက်မှာ အစည်းအဝေး ပြုလုပ်ပါမယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေကတော့ အကြံပြုစာတွေ လေ့လာစိစစ်ဖို့ ဇန်န၀ါရီ လ ဆန်းပိုင်းမှာ နေပြည်တော်ကို ရောက်ရှိပါမယ်။ဇန်န၀ါရီလ ၇ ရက် အစည်းအဝေးမှာ ကော်မတီအဖွဲ့ဝင် တွေ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်းတွေအလိုက် အဆိုပြုချက်တွေ ဘယ်လောက်ရှိတယ်ဆိုတာ ချပြဖို့ ရှိတယ်။

အဲဒါတွေကို အဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုသုံးသပ်မလဲ။ လွှတ်တော်ကို ဘယ်လိုတင်မလဲ။ အကြံပြုချက်တွေ ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲဆုံးဖြတ်လို့ရတဲ့ အချက်တွေပါရင် အဲဒါတွေကို ဘယ် လိုဆောင်ရွက်မလဲ။ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းပြီးပြတ်အောင် ဘယ်လိုလုပ်မလဲ စတဲ့အ ချက်တွေကို ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ဆွေးနွေးကြဖို့ရှိပါတယ်"ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအေးမောက် က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၉ ဦး ပါဝင်သည်။

၂၀၁၃ခုနှစ် နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ပြည်သူများထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ် သက်၍ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး အကြံပြုချက်ပေါင်း ၂၅၁၂ ချက် ရရှိခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာ ၆ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ဓါတ်ပုံ - ဒီဇင်ဘာ ၁၄ ရက်က ကော့မှူးမြို့နယ်တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲ၌ တက်ရောက်လာကြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် လက်ထောင်ဆန္ဒပြုနေကြစဉ် 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။