/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 12, 2013

.

ခါးပိုက်နှိုက် (၂)ဦးဖမ်းဆီးရမိ



ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၁၁.၁၂.၂၀၁၃ရက်နေ့ ၀၈၂၅အချိန်တွင် ခါးပိုက်နှိုက် ဖမ်းဆီးရေးတာဝန်အား လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း၊ ဗိုလ်ချုပ်ကားမှတ်တိုင်၌ဆောင်ရွက်စဉ် အမှတ်(၁၂၁)ယာဉ်လိုင်း ပေါ်မှ ဆင်းလာသော ခါးပိုက်ပြစ်ချက်ဟောင်းရှိ၊ လှိုင်သာယာ မြို့နယ် နေသူများဖြစ်သည့် မောင်ကျော်(ခ) ကျော်ကြီး(ခ)မောင်ဦး (ဘ)ဦးတင်ဦး၊ ပိုင်ပိုင်(ဘ)ဦးသိန်းဟန်တို့ (၂)ဦးအား ဖမ်းဆီးရမိစစ်မေးရာ ၎င်းယာဉ်ပေါ်ပါ အသက် (၃၅)နှစ်ခန့်ရှိ အမျိုးသား (၁)ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ် (၃၀၀၀၀)နှိုက်ယူရာတွင် ပိုင်ပိုင်မှလူကာပေးပြီး မောင်ကျော်(ခ) ကျော်ကြီး(ခ)မောင်ဦးမှ နှိုက်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းပြီး လှိုင်သာယာမြို့မရဲစခန်း (ပ)၁၄၁၀/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Y P

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။