/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 12, 2013

.

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် တစ်ယောက်ဟု သဘောမထားဘဲ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ် သဘောထား၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပေးပါရန် 10D အုပ်စု တောင်းဆို



ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု လိုလားနေသည့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လေးဦး တွေ့ဆုံဆွေးနွေး ပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိ သဖြင့် ရန်ကုန်တက္ကသိုလ်အတွင်း ဂုဏ်ပြုပွဲ ကျင်းပ သောကြောင့် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချခံ ခဲ့ရသည့် ကျောင်းသားများအုပ်စု (10D) အုပ်စုက ဒီဇင်ဘာ ၁၀ ရက် Orchid ဟိုတယ်၌ ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲတွင် တောင်းဆိုလိုက်သည်။


စာအုပ်မိတ်ဆက်ပွဲတွင် 10D အမှုတွဲ တစ်ဦးဖြစ်သည့် ဦးမြတ်လှိုင်က "၁၉၉၁ ခု ဒီဇင်ဘာ ၁၀ ရက် ဒေါ် အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေးဆု ပေးတဲ့အချိန်မှာ ကျွန်တော်တို့ ကျောင်းသားတွေဟာ စစ်အ စိုးရ ၀ါဒဖြန့်နေသလို မဟုတ်ဘူး။ ဒေါ်စုကို အင်နဲ့အားနဲ့ ထောက်ခံတယ်ဆိုတာကို ပြဖို့အတွက် ရန်ကုန် တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ GTI၊ အထကကျောင်းတွေ အစရှိတဲ့ ကျောင်းသားတွေ စုပြီးတော့ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့တဲ့အတွက် လူပေါင်းထောင်နဲ့ချီ အဖမ်းခံရ၊ စစ်ကြောရေး စခန်းတွေ ရောက်ဖြစ်ကြရ တယ်။ နောက်ဆုံးမှာ လူငယ် ၂၀၀ ကျော် ထောင်ကျခဲ့ပြီး အနည်းဆုံး ထောင်ကျတဲ့လူက ၁၀ နှစ်၊ အများ ဆုံး တစ်သက်တစ်ကျွန်း ကျခံခဲ့ကြရပါတယ်။ အဲဒါက ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြတာပါ။ အခု လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံကို ဦးဆောင်နေ တဲ့ လူလေးဦး တွေ့ဆုံဆွေးနွေးမှသာလျှင် ရရှိမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာလျှင် စစ် မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ကာချုပ်လွှတ်တော်ဥက္ကဋ္ဌလေး ဦးတွေ့ဆုံရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ်နဲ့တွေ့ဆုံဖို့ကျွန်တော် တို့ တိုက်တွန်းပါတယ်" ဟု ပြောကြားလိုက်ပြီး ဆက်လက်၍ ထိုတွေ့ဆုံမှုမျိုးဖြစ်ပေါ်လာစေရန်အတွက်တွန်း အားပေးသွားမည် ဖြစ်သည်ဟုလည်း ပြောကြားသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးသည့် ပွဲများတွင် ဒေါ်အောင်ဆန်း စု ကြည် ကမ်းလှမ်းချက်ကို လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်အား ထည့်သွင်းဆွေးနွေးခွင့် ပြုပါရန်လည်း တောင်းဆိုလိုက်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေကလည်း 10D အမှုတွင် ၎င်းအနေနှင့်ထောင်ဒဏ် ချမှတ် ခံခဲ့ရသူ ဖြစ်ပြီး ယခုအခါ ဒီမိုကရေစီ အရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတ ကာနှင့် ရင်ပေါင်တန်းနိုင်သည့် မြန်မာပြည်သူများ ဖြစ်စေချင်သည့် ဆန္ဒရှိကြောင်း ပြောကြားလိုက်ပြီး ထိုသို့ ဒီမိုကရေစီ အခွင့်အရေး အပြည့်အ၀ရှိသည့် ပြည်သူများ ဖြစ်စေရန်အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင် ဆင်ရန် လိုအပ်သည်ဟု ပြောကြားလိုက်သည်။

ထို့ပြင် NLD ပါတီမှ နာယက တစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း ၎င်းတို့အကျဉ်းထောင် အတွင်းရှိစဉ် ၁၉၉၁ ကျောင်းသားလှုပ်ရှားမှုအကြောင်း ကြားရချိန်တွင် အင်အားတစ်ခု ဖြစ်ခဲ့သည်ဟု ပြောကြားလိုက်ပြီး ယခု အချိန်တွင် ရေပန်းစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံနှင့် ပတ်သက်ပြီး ဆက်လက်လှုပ်ရှားနေမှု၊ ကျောင်း သားများ၏ အင်အားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက်လည်း အားတစ်ခုဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထိုပွဲသို့ ဦးဝင်းတင်လည်း တက်ရောက်ခဲ့ပြီး ကျန်းမာရေး မကောင်းသည့်ကြားမှ မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သဖြင့် နိုဗယ်ဆုပေးသည့် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ လှိုင်နယ်မြေတို့တွင် ကျောင်းသားဆန္ဒပြပွဲများ ကျင်းပကာ ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရန်ကျောင်း သားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။