
တစ်ဆက်တည်း
ဖော်ပြပါမည်-
မြို့ပါတ်ရထားလမ်းနှင့်အပြိုင် ခရေပင်ရိပ်မွန်လမ်းမ ပေါ်တွင်
ဖွင့်လှစ် ထားရှိသည့် MILLION COIN စားသောက်ဆိုင်မှာလည်း
စည်ပင်ပိုင်မြေပေါ်သို့ ပေ ၆၀ ကျော် တိုးချဲ့
ကျူးကျော်ဖွင့်လှစ်ထားရှိပါသည်။ မည်သူ့ခွင့်ပြုချက်ဖြင့် အခိုင်အမာ
အုတ်တံတိုင်းခတ် ဆောက်လုပ်ဖွင့် လှစ်ထားသည်မသိပါ။ မင်္ဂလာဒုံ ဘူတာရှေ့တည့်တည့်
ဘူတာလမ်း လမ်းဘေးဝဲ/ယာတွင်လည်း နေရာလပ်မကျန်အောင် ကျူးကျော်ဆိုင်တန်းများ
ပြည့်ကျပ်နေပါပြီ။ အဆိုးဆုံးမှာ မင်္ဂလာဒုံ ဘူတာလမ်းနှင့် ခရေပင်ရိပ်မွန်
(၁)လမ်း ထောင့်တွင် ယခင် မြေကွက်များချပေးစဉ်က လမ်းနယ် အဖြစ်
ချန်လှပ်ထား ခဲ့သည့် မြေနေရာအား ယခု steel frame ဖြင့် (၂)ထပ်တိုက်
ဆောက်လုပ်နေပြီဖြစ်ပါသည် ။ လမ်းနယ် စည်ပင်မြေ ကျူးကျော်ရုံမက
ရေမြောင်းများပါ ပိတ်ဆို့ကုန်ပါသည်။ တိုက်အိမ် အခိုင်အမာ ဆောက်လုပ် ပြီးပါက
မည်သို့မျှ အရေးယူမရဟု ဆိုနေပါသည်။ ထိုသို့ဆိုပါက လမ်းဘေးဝဲ/ယာတွင် ယခု
ဖွင့်လှစ် နေသော ဆိုင်ခန်းများက တိုက်အိမ်များ အခိုင်အမာဆောက်လုပ်လာပါက
မည်သို့ဖြစ်လာပါမည်နည်း????
ခေတ်အဆက်ဆက် မည်သည့်အစိုးရတက်တက်
ဖြေရှင်းမရနိုင်သည်မှာ ယခု ကျူးကျော်အိမ်မြေနေရာ များပင်ဖြစ်ပါသည်။
တာဝန်ရှိသူများ မိမိသက်တမ်းကာလအတွင်း ယခုကဲ့သို့ လုပ်စားခဲ့သောကြောင့်
ပြဿနာများ မပြီးမစီးနိုင် ဖြေရှင်းနေရဆဲဖြစ်ပါသည်။ လ.၀.က မှ
မည်သည့်နေရပ်လိပ်စာဖြင့် အိမ် ထောင်စုစာရင်း ထုတ်ပေးခဲ့ပါသနည်း??? EPC မှ
မည်သည့် အထောက်အထားများဖြင့် နေအိမ်သို့ လျှပ်စစ်မီးသွယ်တန်းပေးခဲ့ပါသနည်း???
စည်ပင်သာယာမှ မည်ကဲ့သို့သော မြေပိုင်ဆိုင်မှု အထောက် အထားများဖြင့်
ဂရံထုတ်ပေးခဲ့ပါသနည်း??? အဆောက်အဦး ဆောက်လုပ်ခွင့်
မည်သို့ ခွင့်ပြုခဲ့ပါသနည်း??? တာဝန်ရှိ လူကြီးမင်းများ
ကွင်းဆင်းစိစစ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နေပြည်တော်သို့လည်း
ဆက်လက်တင်ပြသွားပါမည်။

ဆင်းရဲသားကကျူးကျော်၊သဌေးနဲ့အရာရှိကအာဏာနဲ့လုပ်ပိုင်ခွင့်ကိုကိုယ်ကျိုးအတွက်သုံး၊အားလုံပျက်စီးနေတဲ့နိုင်ငံ။
ReplyDeleteဟုတ်ပ ဟုတ်ပ အထက်က အသီးသီးဖေြာ့်ပခဲ့သော တာဝန်ရှိသူများအား အမြန်အဆန်အရေးယူပါ။ ဒီနေရာမှာ မတော်လို့များ စီမံကိန်းတခုခုလုပ်မယ်ဆိုရင် ကျူးကျော်တွေက သူတို့နေရာပါဆိုပြီး ပြသနာရှာ ဆန္ဒပြ ငါတို့တွေဘဲ နားညီးရဦးမှာ။ ဒင်းတို့တွေ လုပ်ပုံမဟုတ်ခဲ့လို့။
ReplyDelete