/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, October 3, 2013

.

အင်းစိန် အစည်းအဝေး ကြေညာချက်(၅)ရပ် လုပ်ငန်းစဉ် (၈) ရပ် ထုတ်ပြန်နိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၌ 1.10.2013 နှင့် 2.10.2013 နှစ်ရက်တိုင်တိုင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးက ကြေညာချက် (၅) ရပ်နှင့် လုပ်ငန်းစဉ်(၈) ရပ်-ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


"အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
ဗဟိုဦးဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်များမှ ကိုယ်စားလှယ်များတွေ့ဆုံညှိနှိုင်းစည်းဝေးပွဲ
ကြေညာချက် (၂ဝ၁၃၊ အောက်တိုဘာလ ၂-ရက်)"

၁။ မြန်မာနိုင်ငံသူ/သားများနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားအားလုံးတို့သည် အကြမ်းဖက်မှု ပဋိပက္ခများကို ဓမ္မဝိနယ၊ တရားဥပဒေနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများ အကူအညီရယူလျက် ဝိုင်းဝန်းကာကွယ် တားဆီးကြရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပါသည်။

၂။ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်အသီးသီးအား အမျိုးစောင့်ဥပဒေ (သို့) အမျိုး ဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားအားလုံးအတွက် လိုအပ်လျက်ရှိသော လုံလောက်သည့် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကို အခြားဘာသာများနည်းတူ အမြန်ဆုံးပြဌာန်းပေးရန် တိုက်တွန်းပါသည်။

၃။ ဆရာတော် သံဃာတော်များဦးဆောင်သော ရဟန်းရှင်လူ ပြည်သူများပါဝင်သည့် ဘာသာရေး လူမှုရေးအခြေပြု သာသနာပြုအဖွဲ့အစည်းအဖြစ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသန ဝံသပါလအဖွဲ့)များ နေရာဒေသအားလုံးတွင် ဖွဲ့စည်းလျက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

၎။ ဒေသအသီးသီးတွင် အပတ်စဉ် ဓမ္မကျောင်းတော်များ၊ နွေရာသီယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ် သွားခြင်း၊ ပူးပေါင်းပံ့ပိုးကူညီခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတ လူငယ်ရေးရာအထူးအဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဗုဒ္ဓဘာသာ အပါအဝင် မြန်မာတိုင်းရင်းသူ တိုင်းရင်းသား မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးမှုနှင့် စာရိတ္တ ပညာ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက် (၃)ချက်

(က) မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး ဓမ္မဝိနယ အဆုံးအမများအား ပြန့်ပွားရေးနှင့် လိုက်နာကျင့်သုံးရေး။

(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အချင်းချင်း ချစ်ကြည်ညီညွတ်စွာ လက်တွဲပူးပေါင်းလျက် အမျိုးသားရေး သွင်ပြင်လက္ခဏာများ ရှင်သန် တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး။

(ဂ) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရှေးရှုပြီး ပဋိပက္ခအကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရေး။

လုပ်ငန်းစဉ် (၈)ရပ်

(၁) ဆရာတော် သံဃာတော်များ၏ သြဝါဒကို အမြဲမပျက်ခံယူခြင်း။

(၂) လူငယ်ယဉ်ကျေးမှုသင်တန်းများနှင့် ဘာသာရေးသင်တန်းများ ဖွင့်လှစ်ခြင်း။

(၃) ဘာသာရေးဆိုင်ရာ ဝေယျာဝစ္စကိစ္စများအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း။

(၄) ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအား နှီးနှောဖလှယ်၍ ပိုမိုရှင်သန် အားကောင်း လာစေရန် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း။

(၅) လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်တစ်ခု တည်ဆောက်ပေးနိုင်သော ဒေသအလိုက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ အတတ်ပညာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဖော်ထုတ်ဆောင်ရွက်ပေးခြင်း။

(၆) နိုင်ငံတော်မှ ချမှတ်ထားသော လုပ်ထုံး/လုပ်နည်းများ၊ ဥပဒေ/နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်နိုင်စေရန် ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ဟောပြော ဆွေနွေးပွဲများ ကျင်းပခြင်း။

(၇) အဖွဲ့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသော ဆွေနွေးပွဲများ ကျင်းပခြင်း။

(၈) အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ အား ပြန်လည်သုံသပ်ဆွေးနွေးခြင်း၊ သုတေသနပြုခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် သတင်းဖြန့်ဝေခြင်း။

သဘာပတိဆရာတော်များ -

အရှင်တိလောကာဘိဝံသ
နိုင်ငံတော်သြဝါဒါစရိယ
အဂ္ဂမဟာပဏ္ဍိတ
ဥက္ကဋ္ဌ

အရှင်ဝိမလဗုဒ္ဓိ
အဂ္ဂမဟာပဏ္ဍိတ
အတွင်းရေးမှူး

အရှင်သီလက္ခန္ဓာဘိဝံသ
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
တွဲဖက်အတွင်းရေးမှူး

Credit : http://www.yeyintnge.com/2013/10/blog-post_7946.html#.UkzkzVMR8YI

3 comments:

  1. မြန်မာနိုင်ငံတွင်
    ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများအတွက်
    ကာကွယ်သည့် ဥပဒေမှာ ရှိနှင့်နေပြီး
    ဖြစ်သည်။ (အခြားဘာသာများအတွက်
    အကာအကွယ်ပေးသည့်
    ထိုကဲ့သို့ ဥပဒေမျိုး အစိုးရမှ ထုတ်ပြန်
    ထားခဲ့ခြင်းမရှိပါ။ ကိုယ်ပိုင်အသိနှင့်သာ
    ထိန်းသိန်း ကာကွယ်နေရခြင်း ဖြစ်သည်)
    ဒါတောင် မလုံလောက်သေးဘူး
    ဆိုရင်တော့ ညံ့ချက်က ကမ်းကုန်နေပြီ။
    အစိုးရမူလတန်းကျောင်းများတွင် ဗုဒ္ဓဘာသာ
    ထုံးစံအရ ဘုရားဝတ်ပြုခြင်းများကို
    အစဉ်အဆက် လုပ်ဆောင်နေခဲ့ပါသည်။
    ဘာသာခြားများကလေးငယ်များမှာလဲ
    ဘုရားဝတ်ပြုခြင်းနှင့် အကျွမ်းတဝင်
    ရှိလျက် သြကာသပင် အလွတ် ရွတ်ဆို
    နိုင်နေကြပါပြီ။ ကလေးများ သင်ကြား
    ရသော လောကနီတိမှာ ဗုဒ္ဓဘာသာကို
    အခြေခံသည် မဟုတ်ပါလော။
    မူလတန်းမြန်မာစာ ဖတ်စာသည်လည်း
    ဗုဒ္ဓဘာသာကိုသာ အခြေခံသည် မဟုတ်ပါလော။ ၁၂ လ ရာသီပွဲတော်များ
    တွင် ခရစ်စမတ် ပွဲတော်အကြောင်း
    မပါပါ။ လိမ္မာရေးခြာှးရှိရန်အတွက်
    ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော
    သင်တန်းအမျိုးမျိုးကိုလဲ စီမံချက်နှင့်
    ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
    ယဉ်ကျေးမှုကို ထိန်းသိန်းရန်လည်း
    ဆိုကရေးတီး ပြိုင်ပွဲများကျင်းပပေးနေသော်လည်း
    ကရင် ဒုံးရင်း အကမပါ။
    ဆိုလိုသည်မှာ သင်ကြားရလွယ်သည့် နုနယ်သည့် အကလေးအရွယ်များကို
    နိုင်ငံတော် အစီအစဉ်ဖြင့်
    နည်းလမ်းစုံနှင့် ဗုဒ္ဓဘာသာတည်တန့်
    ပြန့်ပွားရေးအကြောင်း သင်ကြား သွန်သင်
    ဆုံးမခွင့် အပြည့်ရှိနေပါသည်။ (အခြား
    ဘာသာဝင်များမှာ ကိုယ့်ဘာသာ ပြန့်ပွား
    ရေးအတွက် ကိုယ့် အစီအစဉ်နှင့်သာ
    လုပ်ကိုင်နေရသည်) ထိုကဲ့သိုသော
    အခွင့်အရေးမျိုးကိုရနေပြီး အခြားဘာသာ
    များနှင့်စာလျင် upper hand ရနေပါလျက်
    နှင့် ဗုဒ္ဓဘာသာကာကွယ်ရေး ဥပဒေများ
    ထပ်မံထုတ်ရန် အစိုးရအား
    တကြော်ကြော် တောင်းဆိုနေခြင်းမှာ
    အံ့သြဖို့ ကောင်းနေသည်။ တကယ်လိုအပ်နေတယ်ဆိုလို့ ရှိရင်လည်း
    လက်ရှိလုပ်ကိုင် နေကြတဲ့အထဲက
    အားနည်းချက်တွေ ကို အရင်ရှာကြည့်
    စေချင်တယ်။ ငယ်ငယ်က ဘာသာကိုသိပြီး
    ကြီးလာမှ မကိုင်းရှိုင်းကြတော့ဘူး
    ဆိုရင် အဲဒါဘာကြောင့်လဲ။
    တခုပြောချင်တယ်။ မူလတန်းကျောင်းတွေ
    မှာ အပေါ်က အခွင့်အရေးတွေမျိုးကို
    အခြားဘာသာတွေကိုပေးလုပ်ကြည့်ပါ
    ဘာတွေဖြစ်လာမယ်ထင်လဲ။
    ဗုဒ္ဓဘာသာဟာ တကယ့်ကို
    လူနည်းစု ဘာသာခြား
    ဖြစ်သွားလိမ့်မယ်။ ဘာကွာလဲဆိုတာ
    လူတိုင်းအဖြေရှာကြည့်ကြပါ။


    ReplyDelete
  2. အ ပေါ်ကိုယ်လိုရာဆွဲသွင်းပြီးပြောတဲ့ကောင် မင်းတို့ တစ်ဆွေလုံးတစ်မျိုးလုံးငါလိုးလို့ သေကွာလီးပဲဘယ်မှာအပြည့်အဝ ကာကွယ်ပြီးသားရှိလို့ လဲ

    ReplyDelete
    Replies
    1. အပေါ်က ပြောတာတွေ မမှန်
      ဘူးလို့ မင်းငြင်းမလား။
      ဆဲပေါ့ကွာ မင်းဘာမှ မပြောနိုင်
      တော့။ ဒါဘဲ မင်းတတ်နိုင်တာ
      ကိုး။ မင်းမို့လို့ပြောရက်တယ်။
      အပြည့်အဝ ကာကွယ်မှုတဲ့
      အေး ခရစ်ယာန်တွေ မူဆလင်
      တွေက တော့အဲဒီ လို မတောင်း
      ဆိုဘူး။
      သူတို့ လိုချင်တာက လွပ်လပ်စွာ
      ယုံကြည် ကိုးကွယ်ခွင့်ဘဲ။
      ကာကွယ်တယ်ဆိုတာ ကိုယ်တိုင်
      လုပ်ရမဲ့ အလုပ်။ ဒါကို ဥပဒေ
      နဲ့တားမှ ရမယ်ဆိုရင် ကိုယ်
      ဘယ်လောက် စောက်သုံးမကျ
      လဲဆိုတာ ပြတာဘဲ။
      တရားပွဲတွေကို ဗုဒ္ဓ ဘာသာဝင်
      တွေဟာ open place တွေ
      public area တွေမှာ ကျင်းပ
      ပြုလုပ်ခွင့်ရနေကြပေမဲ့
      မူဆလင်တွေကတောင်းဆိုရင်
      ခွင့်ပြုမှာလား။ ဘာသာတည်
      တန့်ခိုင်မြဲအောင် ဘာမှ
      မည်မည်ရရ
      ကြိုးစားအားထုပ်မှု မရင်မလုပ်ဘဲ
      ကာကွယ်ဖို့ ဥပဒေတွေသာ
      တသွင်သွင် တောင်းနေကြတာ
      ဘာနဲ့ တူသလဲဆိုတော့
      ကိုယ်က အပေါ်စီးရနေပါလျှက်
      နဲ့ တဘက်အသင်းက သူတွေ
      ကို အနီကဒ် ပြဖို့ ဒိုင်ကို
      နားပူနားဆာ သွားသွား လုပ်
      နေသလိုမျိုး။
      ပြီးတော့ တောင်းဆိုတဲ့
      ဥပဒေကဘာလဲ။
      အမျိုးသမီးတွေကိုလက်ထပ်မဲ့
      ဘာသာခြားယောင်္ကျားတွေ
      အတွက်ထုပ်ခိုင်းတာ။
      ဒါများကြီးကြီးကျယ်ကျယ်
      မျိုးစောင့်ဥပဒေ တဲ့။
      သတ္တိရှိရင် ထုပ်လိုက်ကွာ
      ဗုဒ္ဓဘာသာဝင် မှန်သမျှ
      မည်သည့် ဘာသာခြားနှင့်မှ
      လက်မထပ်ရလို့။ ဒါမှ တကယ့်
      မျိုးစောင့်ဥပဒေကွ။
      ကိုယ့်အမျိုး ကိုယ်စောင့်ရမှာ
      ဘယ်သူကမှ ကိုယ့်အမျိုးကို
      လာစောင့် မပေးဘူး

      Delete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။