/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 16, 2013

.

ပျဉ်းမနားမြို့ ငလိုက်ချောင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ကမ်းပါးရှိ နေအိမ်များ ပြောင်းရွှေ့မှုများ ရှိခဲ့



စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် မိုး သည်း ထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်း တွင် ပျဉ်းမနားမြို့ ငလိုက်ချောင်း ရုတ်တရက် ရေကြီးလာမှုကြောင့် ကမ်းပါးရှိနေအိမ် များ ပြောင်းရွှေ့ပြီး နံတော်စဉ်ဓမ္မာရုံတွင် ပြောင်း ရွှေ့နေထိုင် နေကြကြောင်း သတင်းရရှိသည်။


ယင်းကဲ့သို့ ရေကြီးမှုကြောင့် ဘောဂသီရိ အဝေး ပြေးကားကွင်းနှင့် သစ်ဆိမ့်ပင်ကျေးရွာ အနီးရှိ ယာမြေ တစ်ချို့ ရေနစ်မြုပ်ခဲ့ပြီး စိုက်ခင်းအချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

"အရင်ကဆို ငလိုက်ချောင်းထဲကို ရေလွှတ်မယ်ဆိုရင် သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားလေ့ ရှိ တယ် ။ ရေတွေက နံနက် ၃ နာရီ ၃၀ မိနစ်လောက်မှာ ရေတွေက ငလိုက်ချောင်းမှာ အပြည့်ဖြစ်လာတယ်။ ဒါကြောင့် ချောင်းစပ်မှာ နေထိုင်သူတွေ ဒုက္ခရောက်ပြီး ရေလွတ်ရာကို အမြန်ရွှေ့ပြောင်းရတယ်။ အရင်လို အကြောင်းကြားပေးသင့်တယ်" ဟု ငလိုက်ချောင်းဘေးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

နေပြည်တော် ဘောဂသီရိ ကားကွင်းရှိ ရွှေမန်းသူကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက "အခုလို ကားကွင်းထဲ ရေလျှံတာက ကားကွင်းထဲက ရေထွက်ပေါက်ကို စည်ပင်ကအရင်ထဲက ပြုပြင်သင့်တယ်။ ကားတွေက ဂိတ်မှာရပ်လို့ မရဘဲ လမ်းမပေါ်မှာ ဂိတ်ထိုးရတော့ အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်" ဟု ဆိုသည်။

ရေကြီးမှုကြောင့် ယာမြေအတွင်း စိုက်ပျိုးထားသည့် ပန်းစိုက်ခင်းများ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေ ကျသွားမှ ပျက်ဆီးမှု အနေအထားကို အတိအကျ သိရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မိုးများ၍ ရေကြီးပါက ပျဉ်းမနားမြို့ပေါ်ရပ်ကွက် အချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - ပျဉ်းမနားမြို့ ငလိုက်ချောင်း၌ ရေကြီးမှု ဖြစ်ပေါ်နေစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။