/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 24, 2013

.

အမှတ်(၉) အ.ထ.က ရဲ့ အသံများ



ပြီးခဲ့တဲ့ရက်တွင် ၈တန်း အခန်း(A)ကာယဆရာမ အချိန်၌ လေ့ကျင့်ခန်းစာအုပ်မပါလာသော ကျောင်းသူ/ သားများကို ထိုင်ထလုပ်ခိုင်းရာ ၀န်ကြီး ပီအေ သမီးဆိုသူက လေ့ကျင့်ခန်း စာအုပ် မပါလာ သော ကျောင်းသူ/သားများနဲ့ တန်းတူ ထိုင်ထလုပ် ခဲ့ရ ၊မိဘဖြစ်သူက ငွေ၂သိန်း ကို အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီးကို ပေးခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ထိုကာယဆရာမကိုခေါ်ပြီး နောက် တွင် ထိုအပြစ်ဒဏ်မျိုး မလုပ်ခိုင်းရန် ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း၊၊


၂၁.၉.၂၀၁၃ ဆုပေးပွဲအခမ်းအနားတွင် ၀န်ကြီးဒေါက်တာတိုးတိုးအောင် သမီးက ၆တန်း ပညာသင်နှစ် အတွက် ဒုတိယဆုရခဲ့ကြောင်း၊ အမှန်တကယ် စာကြိုးစားပြီး ဖြေဆိုခဲ့သူက ထိုဒုတိယဆုနေရာအတွက် ဖယ်ပေးခဲ့ရပြီး တတိယဆုနေရာသာရခဲ့၊ထို ဒုတိယဆုရှင်ရမှတ်က တတိယဆုရှင် ရမှတ်ထက် အမှတ်(၄၀) လျော့နည်းကြောင်း၊ ထိုမပေးမနေရ ဒုတိယဆုကို ဖန်တီးပေးခဲ့သူက အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီး ဖြစ်ကြောင်း

အမှတ်(၉)အ.ထ.ကကျောင်းအုပ်ဆရာမ ဒေါက်တာလှလှမော်က ၀န်ကြီးသား/သမီးတွေ၊ပိုက်ဆံရှိသော လူကြီးများသား/သမီးတွေကို ရာထူးမျက်နှာ၊ငွေမျက်နှာကြောင့် အရမ်းနေရာပေးပြီးဆက်ဆံကြာင်း။(ဥပမာ- ထိုကျောင်းသူ/သားများကို ထမင်းလာပို့ရင် သက်ဆိုင်ရာ ဆရာ/မများက အတန်းထဲထိ ထမင်းလာပို့သူနဲ့ လိုက်ပါသွားရပြီး ပြန်ရင်လည်း ပြန်ပို့ပေးရမည်ကို ဆရာ/မများကို ညွှန်ကြားထားကြောင်း)

ကျောင်းသူ/သားများနှင့်မိဘများ

Credit : http://www.yeyintnge.com/2013/09/blog-post_7140.html#.UkEA6VMR8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။