/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, September 24, 2013

.

ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ



၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွ ဆေး များ ရောင်းချနေကြောင်းသတင်းအရ တာမွေမြို့ နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏ ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊ MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊ MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေးဗူးများ၊ DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊ STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါ ဆေးတောင့် များနှင့်ဆေးပစ္စည်းများ ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေ မြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit : http://www.yeyintnge.com/2013/09/blog-post_2126.html#.UkEA_FMR8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။