/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 2, 2013

.

စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦး



မန္တလေးသား လမင်းမောင်မောင် ကောင်းရာ သုဂတိလားပါစေ။ ဘဝဆက်တိုင် ဒီလို့ အဖြစ် ဆိုးတွေ မကြုံပါ စေနဲ။


စာရင်းစစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့် ပစ်သတ် ခဲ့သော တပ်မတော်တပ်ထိန်းတစ်ဦး ဇာတ်လမ်း အကျဉ်းကတော့ ၂၇၊၈၊၂၀၁၃ ရက်နေ့ ညအစောပိုင်းအချိန်က ပူတာအို တဆည တိုက်ခန်းတွင် ဖွင့်လှစ် ရောင်းချ နေသော အိန်ဂျယ် ခေါက်ဆွဲဆိုင်တွင် တပ်ထိန်း ဒုတပ်ကြပ်ခန့်စိန်နှင့် အဖွဲ့သည် မိန်းကလေး များ နှင့်အတူ အရက်နှင့် အခြား အစား အသောက် များ လာရောက်စားသောက်ခဲ့ကြပြီး ပြန်ပါသည်၊

ည(8):40နာရီခန့်တွင် တပ်ထိန်း ဒုတပ်ကြပ် ခန့်စိန်တစ်ဦးတည်း ပြန်လှယ်ရောက်ရှိလာပြီး အရက် ထပ်သောက်ရန် ဆိုင်ရှင်အား မှာကြားခဲ့ပါသည်၊ ဆိုင်ရှင်မှ ၉နာရီ ထိုးပြီဖြစ်၍ ဆိုင်ပိတ်ပြီဖြစ်ကြောင်း ပြောပြရာ ဆိုင်အတွင်း စားသောက်နေသော ပူတာအိုခရိုင်စာရင်းစစ် ကိုလမင်းမောင်မောင်နှင့် အဖေါ် တစ်ဦးကိုကြည့်၍ သူတို့ကိုတော့ ဘာကြောင့် ရောင်းတာလဲဟု မေးမြန်းရာ စာရင်းစစ် ကိုလမင်းမောင်မောင်၏ အဖေါ်မှာကြောက်လန့်၍ ထွက်သွား ခဲ့ကြောင်း သိရပါသည်၊

ပူတာအိုခရိုင်စာရင်းစစ် ကိုလမင်းမောင်မောင်မှာ ဟန်မပျက်ဆက်လက် စားသောက်နေရာ တပ်ထိန်း ဒုတပ်ကြပ်ခန့်စိန်မှ မင်းကဘာကောင်မို့ ဆက်စားနေတာလဲမေးရာမှ စကားများကြပြီး တပ်ထိန်း ဒုတပ်ကြပ်ခန့်စိန်မှ သူ့ပါလာသော ပစ္စတိုဖြင့် ကိုလမင်းမောင်မောင်၏ဦးခေါင်းကို အနီးကပ် ပစ်သတ် လိုက်ခြင်း ဖြစ်ကြောင်းသိရပါသည်၊

ကိုလမင်းမောင်မောင်မှာ မန္တလေးမြို့နန်းရှေ့တွင် နေထိုင်သော ဦးခင်မောင်တင့် ဒေါ်ဝင်းမာတို့၏ သားဖြစ်ပြီး ပူတာအိုခရိုင်သို့ ခရိုင်စားရင်းစစ်အဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရင် ယခုလို ပစ်သတ်ခံရမှုဖြစ်ကြောင်သတင်းရရှိပါသည်၊ဒုတပ်ကြပ်ခန့်စိန်မှာ တပ်ထိန်းတပ်ရင်းမှ မဟုတ်လဲ ဗျူဟာ၏ တပ်ထိန်းဖြစ်ကြောင်း သိရပါသည်၊

info by ဟာဂျူလီ ကသာ photo by Tun Tun Kyaw

Credit : http://www.yeyintnge.com/2013/09/blog-post_9903.html#.UiQcHn8R8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။