/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 16, 2013

.

ကလောင်သွားထက်သော ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာပေးအပ်


NLD ပါတီဝင်များ၏ မေတ္တာဘွဲ့ကိုခံယူထားသောငါးမင်းဆွေမှဒေါ်အောင်ဆန်းစုကြည်သို့  အိပ်ဖွင့်ပေးစာ ပေးအပ်လိုက်ကြောင်းသိရှိရသည်။ယခုအိပ်ဖွင့်ပေးစာတွင်ငါးမင်းဆွေမှ အရည်အချင်းမရှိသော NLD ပါတီ ၀င်များနှင့် မတွေ့ဆုံလိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လူထုခေါင်းဆောင်ဆိုသော ဒေါ်အောင်ဆန်း စုကြည် နှင့်သာတွေ့ ဆုံဆွေးနွေးလိုကြောင်း ပါရှိသည်။

ယခင်ကာလများကလည်း ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဆောင်ရွက် ချက်များကို ဝေဖန် ထောက်ပြခဲ့ဖူးသည်။

1 comment:

  1. လက်ရှိ တိုင်းပြည်ရဲ့ အုပ်ချူပ်ရေးအဖွဲ့က
    ဝန်ကြီးတွေကရော တကယ်အရည်အချင်း
    ရှိကြလို့လား။ ထမင်းတနပ်စားဖို့တို့။
    လက်နက်ကိုင်တွေအလင်းဝင်ရင်
    တိုက်တလုံး ကားတစီးပေးဖို့တို့။ တရုပ်ကို
    ကြောက်ရတဲ့လူတွေတို့နဲ့ သွားနေကြတာ
    မဟုတ်ဘူးလား။ တကယ်တော့ မြန်မာပြည်ဟာ
    လူတဦးတယောက်ရဲ့ အမိန့်နဲ့ဘဲ ရှင်သန်နေခဲ့တာ
    ခေါက်ရိုးကျိုးနေပြီ။ ကိုယ်ပိုင်အရည်အချင်းကို
    ထုတ်မသုံးရဲ ထုတ်မသုံးကြ ထုတ်သုံးဖို့လဲ
    မေ့နေကြပြီ။ မြန်မာပြည်မှာ ရှိရမဲ့ အရည်အချင်းက
    ခေါင်းဆောင်ကြီး ကြိုက်မဲ့ အရည်အချင်းဆိုတော်
    ပြီလေ။
    လက်ရှိလူတွေရဲ့ အရည်အချင်းကတော့
    သူတို့ရဲ့ လက်တွေ့လုပ်ရပ်တွေက သက်သေပြနေ
    ပြီဘဲ။ လက်တွေ့ မပြကြရသေးတဲ့ လူတွေရဲ့
    အရည်အချင်းကို နဲနဲ တော့ကြည့်ချင်ကြပါဦး။
    ငါးမင်းဆွေလဲ တပ်ချူပ်ကြီးကြိုက်ဖို့
    ဥဏ်နီဥဏ်နက် အကုန်ထုတ် ရေးခဲ့တာဘဲလေ။
    မှန်တာဘယ်လောက်ရေးရေး မမှန်တာပါရောရေး
    မိရင် သိသိကြီးနဲ့ရေးတာဖြစ်တဲ့အတွက်
    လူလိမ္ဘဲ။
    ဒါနဲ့များသူက....
    လူလိမ်က အရည်အချင်းမရှိတဲ့ သူတွေနဲ့
    စကားမပြောချင်ဘူးတဲ့။
    အရည်အချင်းဆိုတာ လုပ်ခွင့်ရှိမှ ပြလို့ရတာ။
    လုပ်ခွင့်မပေးသမျှတော့ ဘာမှပြခွင့်မရှိနိုင်ဘူး။
    အဲဒီတော့ ကြိုပြီးသူ သိနိုင်တာက
    ဘာမှမလုပ်ရသေးတဲ့ သူတွေကို veto နဲ့ပယ်
    လိုက်တာဘဲ။
    ခုကြည့် နောက်တခါ မဲမရမှာစိုးလို့
    (NLD ကိုယ်စားပြု ဝင်ပြိုင်ခဲ့တဲ့) NDF ပါတီဟာ
    ဘုန်းကြီးတွေနဲ့ပေါင်းပြီး မျိုးချစ်ကို အကြောင်းပြု
    မဲရအောင်ဖန်နေပြီ။ သူတို့လဲ လောလောဆယ်ထိတော့
    လွှတ်တော်ထဲမှာ ဘာမှ မည်မည်ရ မရှိကြသေး
    ပါဘူး။ သမိုင်းမှာတော့ လူတွေကို လိမ်လည်ပြီး
    မဲရအောင် လုပ်သွားတဲ့ အမဲကွက်ကြီးရှိနေပြီ။
    အဲဒါကိုပျောက်စေချင်ရင်တော့ လွှတ်တော်
    ကိုယ်စားလှယ် အဖြစ်ကနှုတ်ထွက်ပေးကြရမယ်။
    (အဲဒီလစ်လပ် နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတြွေ ပန်လုပ်ပေးဖို့)
    ဘာဖြစ်လို့လဲဆိုတော့ NLD ကိုယ်စားပြုဆို ?
    ခု တကယ့် NLD လာပြီလေ။
    ဖယ်ပေးရတော့မှာပေါ့။
    အဲလိုမှ မဟုတ်ရင် ပွဲလန့် တုံး ဖျာခင်းသူတွေဘဲပေါ့

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။