/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 16, 2013

.

ပြည်ပမှ မော်တော်ယာဉ် အရောင်းပြခန်းများကို ကန့်သတ်မထားဘဲ စည်းကမ်းနှင့် ညီလျှင် ခွင့်ပြုသွားမည်



ပြည်ပမှ မော်တော်ယာဉ် အရောင်းပြခန်းများကို ပြည်တွင်း၌ တရားဝင် ခွင့်ပြုရာ၌ ကုမ္ပဏီ အရေ အတွက် ကန့်သတ်မထားဘဲ စည်းကမ်းချက်နှင့် ကိုက်ညီသည့် လုပ်ငန်းတိုင်းကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် ကြီးကြပ်ရေးရုံးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ၂-၈-၂၀၁၃ ရက်တွင် ပြောသည်။


'' ဒီမှာ လက်ရှိ ဖွင့်ထားတဲ့ ကားအရောင်းပြခန်း တွေက ပြည်ပကမှာယူ တင်သွင်း ပြီး ရောင်းတာ တွေ၊ အခု ဖွင့်ခွင့်ပြုဖို့ လုပ်နေတာကတော့ ပြည်ပကကားကုမ္ပဏီ တွေကို ဒီမှာ ကိုယ်စားလှယ် ယူပြီး တိုက်ရိုက်ရောင်းနိုင်ဖို့ပါ။လုံးဝ Brand New အသစ်တွေကို ၀ယ်တဲ့သူ နာမည်ပေါက်ရတဲ့ အထိ ရောင်းချပေးနိုင်ဖို့ စီစဉ်နေပါတယ်။ 

ပြည်ပ ကားကုမ္ပဏီတွေကို ဘယ်နှခု ဖွင့်ခွင့်ပြုမယ်။ဘာမှ ကန့်သတ်ထားတာကတော့ မရှိပါဘူး။ စည်းကမ်း ချက်၊ ကိုက်ညီတဲ့ ကုမ္ပဏီတိုင်းကို ဖွင့်ခွင့်ပြုသွားမှာပါ '' ဟု ယင်းက ပြောသည်။ ထို့ပြင် လတ်တလော၌ ထွက်ပေါ်နေသည့် ကားတင်သွင်းခွင့်နှင့် ပတ်သက်သော မူဝါဒများ ပြောင်းလဲရန် ရှိသည် ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ ၂၀၁၁ခုနှစ် စက်တင်ဘာလထုတ် နိုင်ငံပိုင် သတင်းစာတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံနိုင်သည် ဆိုသော ကြော်ငြာနှင့် ထည့်သွင်း ဖော်ပြထားသကဲ့သို့ကားများကို ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့်ဝယ်ယူနိုင်သည်အထိ ဆောင်ရွက်စရာရှိသည်များကို အဆင်သင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကားတင်သွင်းခြင်းနှင့် ပတ်သက်သည့် မူဝါဒများ ပြောင်းလဲရန် မရှိကြောင်း သိရသည်။

Credit : http://www.oppositeyes.info/2013/08/blog-post_9871.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။