/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 16, 2013

.

တောင်ကြီးမြို့ တွင် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနားကျင်းပ



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အောင် မင်္ဂလာ ပရိယတ္တိဘုန်းတော်ကြီးကျောင်းတွင် အစ္စလာမ် ဘာသာဝင်ငါးဦးကိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်းသိရ သည်။


တောင်ကြီးမြို့ စ၀်စံထွန်းရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ အဆိုပါဘုန်းတော်ကြီး ကျောင်း တွင် ကျောင်းထိုင်ဆ၇ာတော် ဦးရေ၀တ ဦးစီးပြီး ရပ်စောက်မြို့မှ အစ္စလာမ်ဘာသာ ၀င်များဖြစ် ကြသည့် ဒေါ်တင်အေး၊ဒေါ်ခင်မာအေး၊ဒေါ်ခင်မာထွေး၊ဒေါ်မို့ မို့ အေး၊ဦးဇော်ဝင်း(ခ) ဦးဇော်ဝင်းမောင်တို့ ငါးဦးကို တောင်ကြီးမြို့ ရှိထေရ်ကြီး၊၀ါကြီးဆရာတော်ကြီးများနှင့် မြို့ နယ်သံဃာ့နာယကအဖွဲ့၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်၇ှိသူများရှေ့မှောက်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းနှင့်ဗုဒ္ဓဘာသာကို ခံယူကြောင်း ကို အတိအလင်းကြေငြာသည့် အခမ်းအနားကို ပြုလုပ်ခဲ့ သည်။

"ကျွန်တော့်ရင်ထဲမှာ ပီတိဖြစ်ရပါတယ်။ အရင်ကအနှိမ်ခံခဲ့ရတာတွေ အခုရဲရဲတင်းတင်း ထိုင်ရဲပါပြီ။ အရင် ကတည်းက ဒီဘာသာကို ၀င်ချင်နေတာပါ"ဟုဦးဇော်ဝင်းမောင်က ပြောသည်။

ကျောင်းထိုင်ဆရာတော်ဦးရေ၀တက "ဒီပွဲလေးလုပ်ဖြစ်တာက ကိုယ့် ဘာသာကိုယုံကြည်ပြီး ၀င်လာတဲ့သူ တွေကိုသူတို့ ဘ၀လုံခြုံမှုရှိအောင်ပြုလုပ်ပေးရ တာပါ"ဟုဆိုသည်။

အဆိုပါအခမ်းအနားသို့ တောင်ကြီးမြို့နေ ပရိသတ်၆၀၀ကျော်တက် ရောက်ခဲ့ပြီး ယခုဗုဒ္ဓဘာသာသို့ ပြောင်း လဲလာသည် မိသားစုတွင်မိသားစုဝင်ရှစ်ဦးရှိပြီး ဘာသာကူးပြောင်းခဲ့သူများမှာ မိခင်နှင့် သားတစ်ဦး၊ သမီး သုံးဦးတို့ ဖြစ်ကြောင်းသိရသည်။

ယင်းတို့ အား ဗုဒ္ဓဘာသာဝင်အဖြစ်အသိအမှတ်ပြုလက်မှတ်များကို မြို့နယ်သံဃာ့နာယကအဖွဲ့က ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

YMG

4 comments:

  1. အရင်က အနှိမ်ခံခဲ့ရလို့ဆိုတော့
    ဘယ်သူတွေက နှိမ်ကြလို့လဲ။
    အနှိမ်ခံရတဲ့ဘာသာကနေ အနှိမ်ခံဘဝက
    လွတ်အောင် ဘာသာပြောင်းလိုက်တယ်ဆိုတော့
    စဉ်းစားစရာဘဲ။ ဆိုလိုရင်းက ကိုယ့်ကို ဝိုင်းနှိမ်
    ကြလို့ အဲဒီဘက်ကို ပြောင်းလိုက်တော့
    ဝိုင်းမနှိမ်ကြတော့အောင်ဆိုတဲ့ သဘောပေါ့။
    ဦးဇော်ဝင်းမောင်ရဲ့ အပြောထဲမှာ
    ယုံကြည်ချက်ကြောင့် ဆိုတဲ့ စကား
    လုံးဝ မပါ။ ဘာသာပြောင်းဖို့ လက်ခံ လုပ်ပေး
    တဲ့သူတွေလဲ ကြည့်လုပ်ကြပါဦး။
    မူဆလင်ဝင်တွေကို ဗုဒ္ဓဘာသာဝင်တွေက
    နှိမ်ကြလို့ အနှိမ်မခံရအောင် ဗုဒ္ဓဘာသာဘက်
    ပြောင်းကြတယ် ဖြစ်နေပါဦးမယ်။
    နဂိုကမှ TIME ကြောင့် အမြင်မရှင်းဖြစ်ရတဲ့အထဲ။

    ReplyDelete
  2. အဓိပ္ပာယ်ရှိရှိပြောင်းလာရင်တော့သာဓုပေါ့

    အနေချောင်အစားချောင်ချင်လို့ ပြောင်းလာရင်တော့

    သိပ်မကောင်းဘူးနော်မရိုင်းစိုင်းနဲ့ မဆဲဆိုနဲ့ သူတပါးကို

    သတ်ဖျတ်ခြင်းကိုမလုပ်နဲ့ ပေါ့

    ReplyDelete
  3. စောက်ကုလားတွေကသိပ်ပြီးယုံကြည်ရတာမဟုတ်ဘူး။ပြောကတည်းကကိုအနှိမ်ခံရလို့ပြောင်းတာပါတဲ့အဲဒီတော့အဲဒီစောက်ကုလားတွေကိုဘယ်လိုယုံကြည်ရမှာလဲ။

    ReplyDelete
  4. ကုလားတွေစကားကိုကြည့်ပြောကြ နင် တို့ကိုဘယ်သ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။