/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, August 10, 2013

.

သူခိုးကြောင့် စိတ်ကြွဆေးပြားရောင်း ၀ယ်သူများ ဖမ်းဆီးရမိ


0

ကယားပြည်နယ်လွိုင်ကော် မြို့တွင် မသင်္ကာဖွယ်တွေ့ရှိသူကို စစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်ပြီး စိတ်ကြွ ဆေးပြား ၅၀၀ ကျော်သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။


သြဂုတ် ၂ ရက် ညနေ ၄ နာရီက လွိုင်ကော်မြို့၊ ရှမ်းစုရပ် ကွက်၊ လောပိတလမ်းရှိယိုးဒယား ပန်းတိမ် ဆိုင်တွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဆွဲကြိုးအပြတ်တစ်ခုရောင်းချ နေကြောင်း သတင်းအရ လွိုင်ကော် မြို့မရဲစခန်းစခန်းမှူးဒုရဲမှူး မောင်မောင်မြင်နှင့် အဖွဲ့တို့က သွားရောက်စုံစမ်းရာ လွိုင်ကော် မြို့မင်းစုရပ်ကွက်နေမြင့်ဦး (ခ) မဲလေး (၂၃)နှစ် အား ၁၂ ပဲတစ် ရွေး အလေးချိန်ရှိ ရွှေဆွဲကြိုးအပြတ် တစ်ခုWave ၁၂၅ အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့် အတူ တွေ့ရသည် ဟု ဆိုသည်။

ရဲတပ်ဖွဲ့၏ပဏာမစစ်ကြော ချက်အရအဆိုပါရွှေဆွဲကြိုးအပြတ် သည်လွိုင်ကော်မြို့နယ်ချိကယ်ကျေး ရွာအုပ်စု နမ့်ကွတ်ကျေးရွာနေ ဦးလှရွှေ၏ နေအိမ်မှ သြဂုတ်လ ၁ ရက်တွင် ခိုးယူခဲ့သော ရွှေထည် ပစ္စည်းများအနက်တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသဖြင့် လွိုင်ကော် မြို့မရဲစခန်း (ပ) ၉၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ အရဆက်လက် စုံစမ်းရာရွှေအလေးချိန်နှစ်ကျပ်သား၊ ခုနှစ်ပဲနှင့် လေးရွေးကို ထပ်မံ ဖော်ထုတ်သိမ်းဆည်းရမိခဲ့ သည်ဟုဆိုသည်။ 

ထို့အပြင် မြင့်ဦး (ခ) မဲလေးနှင့် အတူတွေ့ ရှိရသည့်Wave-125 အမျိုးအစား အဖြူရောင်ဆိုင်ကယ်ကို ရှာဖွေ ရာဖင်ထိုင်ခုံအတွင်းWY စာတမ်းပါစိတ်ကြွဆေးပြားခြောက် ပြားကိုရှာဖွေတွေ့ရှိသဖြင့် လွိုင်ကော် ရဲစခန်း ကမယ (ပ) ၁၅/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ (က) ဖြင့် အမှုဖွင့်အရေး ယူခဲ့ သည်။

ထပ်မံစုံစမ်းချက်အရအဆိုပါ စိတ်ကြွဆေးပြားများကို လွိုင်ကော် မြို့နယ်နွားလ၀ိုင်းကျေးရွာအုပ်စု ကယန်း သာယာ (မြောက်) ကျေးရွာနေအမိုး (ခ) ဒေါ်အန်းဂျလာ (၅၇) နှစ် ထံမှဝယ်ယူခဲ့ကြောင်း သိရသဖြင့် ဒေါ်အန်းဂျလာ(ခ)အမိုး ၏နေအိမ်အား သြဂုတ် ၃ ရက် ည ၇ နာရီ ၁၅မိနစ်တွင်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းရှိအနက် ရောင်သားရေလက်ကိုင်အိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်ထား သော WY စာတမ်းပါပန်းရောင် စိတ်ကြွဆေးပြား ၄၉၅ ပြားနှင့် ငွေကျပ် ၃၀၃၀၀၀၀ ကိုရှာဖွေတွေ့ ရှိသိမ်းဆည်းရမိ ခဲ့သည်။ ထို့အပြင် ZTE တံဆိပ်ပါအထိုင်ဖုန်းတစ်လုံး၊ Peace-125 အမျိုးအစားအဖြူ ရောင်မော်တော် ဆိုင်ကယ် တစ်စီးSHENG BO-110 အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ် တစ်စီးတို့ကို ရှာဖွေသိမ်းဆည်းရ မိခဲ့သည်။

လွိုင်ကော်ရဲစခန်းက အမိုး (ခ) ဒေါ်အန်းဂျလာနှင့် ယင်း၏ နေအိမ်သို့စိတ်ကြွဆေးပြားရောင်း ချရန် ရောက်ရှိနေသော လွိုင်ကော် မြို့နယ် နွားလ၀ိုင်းကျေးရွာအုပ်စု ကယန်းသာယာ (မြောက်) ကျေးရွာနေ မားရ်ကို (၄၅ နှစ်)၊ ကျော်လေး (၂၆ နှစ်)နှင့် လွိုင်ကော် မြို့လောဓမ္မရပ်ကွက်၊ ကြည်သာယာတိုးချဲ့နေ စိုင်းနောင်နောင် (၁၉ နှစ်) တို့အား မယ (ပ) ၁၆/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/၂၁ အရအမှု ဖွင့်လှစ်စစ်ဆေးသည်။

အထက်ဖော်ပြပါအမှုများတွင် စိတ်ကြွဆေးပြားစုစုပေါင်း ၅၁၁ ပြားသိမ်းဆည်းရမိပြီးအမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ အားအရေးယူနိုင်ခဲ့ကြောင်း သိရ သည်။

Credit : http://www.hotnewsweekly.com/archives/24432

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။