/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 27, 2013

.

The New Light of Myanmar ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး SEA Games အမီ အသွင်သစ်ဖြင့် ထုတ်မည်

အစိုးရက အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ် ထုတ်ဝေနေသည့် The New Light of Myanmar သတင်းစာ ကို Global Direct Link ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း၍ အသွင်သစ်ဖြင့် ၂၀၁၃ ခုနှစ် SEA Games အမီ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (NPE) မှ အထွေ ထွေ မန်နေဂျာ ဦးရဲနိုင်က ပြောကြားသည်။


The New Light of Myanmar နာမည်ဖြင့်သာ ဆက်လက် ထုတ်ဝေမည့် ယင်း သတင်းစာကို အရေး အ သား၊ Version (ပုံစံ) များကို အသွင်သစ်ဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း၊ သတင်းစာ Version (ပုံစံ) ကို လွတ်လပ်သည့် စီမံခန့်ခွဲမှုဖြင့် ထုတ်ဝေရန် စီစဉ်ထားပြီး သတင်းစာကို လက်ရှိ ထုတ် ဝေနေသည့် တက်ဘလွိုက်ဆိုဒ်မှ Broad Sheet ဆိုဒ်ဖြင့် ၁၆ မျက်နှာ ထုတ်ဝေမည် ဖြစ်ပြီး Online တွင်လည်း ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း၊ အသေးစိတ် အစီအစဉ်များကို ကုမ္ပဏီနှင့် ဆွေးနွေး နေကြောင်း ၎င်းက ဆိုသည်။

“သတင်းစာကို SEA Games မှာ ထုတ်နိုင်ဖို့ လျာထားတယ်။ ဒါပေမဲ့ စက်ရုံ ဆောက်လုပ်ရေးတွေနဲ့ အချိန် အရမ်းနီးနေလို့ လျာထားချိန် မပြီးခဲ့ရင်၂၀၁၄ အာဆီယံ အိမ်ရှင်အဖြစ် ကျင်းပချိန်အမီ ထုတ်နိုင် မယ်” ဟု ဦးရဲနိုင်က ဆိုသည်။

အဆိုပါ သတင်းစာကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းရန် တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများ အနက် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီက ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်များနှင့် နည်းပညာဆိုင်ရာ အချက်အလက်များအပေါ် အခြေခံကာ Global Direct Link ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန်လ၂၄ ရက်နေ့တွင် ထုတ်ပြန် သည်။

Global Direct Link ကုမ္ပဏီသည် မီဒီယာလုပ်ငန်း အတွေ့အကြုံ မရှိသော်လည်း ဂျပန်နိုင်ငံ Kyodo News က နည်းပညာများကိုယူပြီး update လုပ်မှု၊ သင်တန်းပေးမှုကို လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း၊ အကျိုးတူ ပူးပေါင်းရာတွင် NPE က ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းခန့်ကို ရင်းနှီးမြှုပ်န နှံခွင့် ရမည်ဖြစ်ကြောင်း NPE ထံမှ သိရှိရသည်။

လက်ရှိအခြေအနေတွင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများကဲ့သို့ သတင်းစာ စောင်ရေ မများ သော် လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက သတင်းစာ စောင်ရေတိုး ထုတ်ဝေနိုင်ရန် မျှော်လင့်ထား ကြောင်း ဦးရဲနိုင်က ဆိုသည်။

The New Light of Myanmar သတင်းစာ တစ်ခုတည်းကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် ထုတ်ဝေသည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ပြောကြားသည်။

The New Light of Myanmar သတင်းစာကို အဖြူ အမည်း Broad Sheet ဆိုဒ်ဖြင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာအဖြစ် စတင် ထုတ်ဝေခဲ့ပြီး ၁၉၉၃ ဧပြီ ၁၇ ရက်နေ့ တွင် The New Light of Myanmar သတင်းစာဟု အမည်ပြောင်းခဲ့သည်။ ၂၀၁၃ ဇန်နဝါရီတွင် လက်ရှိ တက်ဘလွိုက်ဆိုဒ်သို့ ပြောင်းလဲ ထုတ်ဝေကာ ၂၀၁၂ အောက်တို ဘာလ ၈ ရက်နေ့တွင်နေပြည်တော်၌ ရောင်စုံ သတင်းစာအဖြစ် ပြောင်းလဲပြီး ၂၀၁၂ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ရန်ကုန်တွင် ရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။