မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံ များမှ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ် ထားကြောင်း သိရသည်။
'' မနေ့ကပဲ အဲကွန်းစက်ရုံ တစ်ရုံက အလုပ်သမား ၁၅ဝ ကို အလုပ်ပေးနိုင်ပါတယ်ဆိုပြီးလာပြော တယ်။ တခြား အထည်ချုပ်စက်ရုံ တွေကလည်း အလုပ်ပေးမယ်လို့ ပြောထားတာရှိတယ် '' ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မလေးရှားတွင် မေလကုန်မှ စ၍ ဖြစ်ပွားသော အကြမ်းဖက်မှု များကြောင့် မလေးရောက် မြန်မာ လုပ်သား အချို့ ဇွန်လ ၁၅ ရက်မှစ၍ မြန်မာနိုင်ငံသို့ ပြန်လာကြရာ အများ စုသည် တရားမဝင် နေထိုင်ကြ သူ များ
ဖြစ်ပြီး ပြည်တွင်း၌သာ လုပ်ကိုင် စားသောက်ရန် ရည်ရွယ်ကြသူများ ဖြစ်သည်။
အဆိုပါ အလုပ်သမားများကို ထူး ကုမ္ပဏီများ အုပ်စု၊ မက်စ်မြန်မာ ကုမ္ပဏီအပါအဝင် ကုမ္ပဏီကြီး များက အလုပ်ပေးမည်ဟု ထုတ်ပြန် ခဲ့ပြီး အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး က လည်းအလုပ်သမားများ ကျွမ်း ကျင်မှုအလိုက် အလုပ်ပေးမည်ဟု ပြောကြားထားသည်။
လက်ရှိတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး(ပြည်တွင်း) က ကုမ္ပဏီများ၊ စက်ရုံ အလုပ်ရုံများ နှင့် ချိတ်ဆက်ကာ အလုပ်လိုချင်သော အလုပ်သမားများကို အပ်နှံပေးသွား မည်ဟု အထက်ပါ တာဝန် ရှိ သူက ပြောသည်။သို့ဖြစ်ရာ အလုပ်လုပ်လိုသူများ သည် သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများသို့ သွားရောက်ဆက်သွယ်နိုင်သလို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနသို့လည်း ဆက်သွယ်နိုင်ကြောင်း၊ ဆက်သွယ် လိုသူများသည် ဖုန်း ဝ၆၇-၄၃ဝဝ၇၉ သို့ ဆက်သွယ်
နိုင်ကြောင်း သိရ သည်။
Popular Myanmar News Journal
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။