/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 24, 2013

.

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၃

နောက်ထပ်တစ်ပိုဒ်မှာတော့ ဘယ်လိုဖော်ပြထားသလဲဆိုရင် ယခင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ကျင့်စဉ်နဲ့ ပုံပန်းကို ဥပမာဆောင်ပြထားပါတယ်။ ဗီယက်နမ်ဘုန်းတော်ကြီးရဲ့ ဖိနှိပ်သူအစိုးရအပေါ် ဆန့်ကျင်ပုံ၊ 2007 စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနဲ့ ကိုလိုနီခေတ်ကာလ ဦးဆောင်မှုများကို ဖော်ပြထားပြီး အဆုံးသတ်စာကြောင်းမှာတော့ ကျန်ဘာသာရေးတွေလိုပဲဒီ ဗုဒ္ဓဘာသာဟာလဲ အခြေခံဗုဒ္ဓ သွန်သင်မှုများနဲ့ လွန်ဆွဲနေတဲ့ အိုင်ဒီယာတွေနဲ့အဆိပ်ခတ်ခံလိုက်ရပါတယ်လို့ ဖော်ပြသွားပါတယ်။


အဲ့ဒီနောက် စာရေးသူရဲ့ လမ်းကြောင်းကိုခြေရာခံလိုက်တဲ့အခါ "Mantra of Hate" လို့ဖော်ပြထားပါတယ်။ အမုန်းနဲ့ရွတ်ဆိုအပ်သော တရားများလို့ ဘာသာပြန်ရင်သင့်မယ်ထင်ပါတယ်။အဲ့ဒီအောက်မှာတော့ U.S. President Barack Obama has “been tainted by black Muslim blood.” လို့ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလဲ လူမည်းမွတ်ဆလင်သွေးနှော ဇာတ်နိမ့်ပါပဲလို့ ပြောတယ် လို့ ရေးပြထားပါတယ်။

နောက်တစ်ကြောင်းကတော့ သူပြောနေတဲ့ နာမည် (ဘင်လာဒင်)ဆိုတာ အာရပ်အကြမ်းဖက်မှန်း သိပေမယ့် ခပ်တည်တည်နဲ့ဆက်ပြောနေခဲ့သလို ကုလကိုလဲ အာရပ်တွေက ပြန်ပေးဆွဲ (Hijacked) လို့ ရေးထားပါတယ်။ “Taking care of our religion and race is more important than democracy,” says Wirathu. ဘာသာရေးနဲ့လူမျိုးရေးဟာ ဒီမိုကရေစီအရေးထက် အရေးကြီးတယ်လို့ ပြောသော ဦးဝီရသူစကားနဲ့ပိတ်သိမ်းလိုက်ပြီး ဦးဝီရသူရဲ့ စကားကို နင်းကာ အိုဘားမားကို နှိပ်ကွပ်ခြင်း၊ ကုလကို မဆင်မခြင်ပြောခြင်းတို့နဲ့ချိတ်ဆက်ပြီး ဦးဝီရသူကို ဘာသရေးအစွန်းရောက် အကြမ်းဖက်အသွင်ဖြစ် ပုံဖော်ယူသွားပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ဦးဝီရသူကို ထိုးနှက်တာတွေပါလာတာကိုတတွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ "ဦးဝီရသူဟာ ပညာမတတ်လို့ဒီလိုပြောတာလို့ ခွင့်လွှတ်ချင်စ၇ာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မွေးချင်း ရှစ်ယောက်အနက် ပါးစပ်တစ်ပေါက်သက်သာပြီးရောအနေနဲ့ ဘုန်းကြီးကျောင်းပို့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ဦးဝီရသူဟာ စန်းကောင်းတယ်။ " အဲ့လိုရေးခဲ့ပါတယ်။ နောက်ပြီး ဒီလို စန်းကောင်းရခြင်း အချက်ဟာ ဗမာတွေကြားထဲ မွတ်ဆလင်တွေဟာ အာရပ်ငွေတွေနဲ့ ဗလီတွေဆောက်တယ်၊ အမြန်ပြန့်ပွားနေတယ်ဆိုတာတွေကို "သက်သေမရှိဘဲ" ကြောက်တဲ့အကြောက်တရား ကလဲရှိပါသေး တယ်လို့ေ၇းသားသွားပါတယ်။ ဒီနည်းအားဖြင့် ဦးဝီရသူဟာ ပညာမဲ့ ဘာသာေ၇းအရူးအနှမ်း တစ်ယောက် အဖြစ်ပုံပေါ်လာခဲ့ပါတယ်။ နောက်လိုက်တွေအနေနဲ့အရူးအနှမ်းတွေသာသာဖြစ်ကုန်ပါတော့တယ်။

နောက်တစ်ပိုဒ်မှာတော့ စာရေးသူရဲ့စိတ်တွင်းအမုန်းကိုတစ်စွန်းတစ်စ ထပ်မံတွေ့ရှိလိုက်ရသလိုပါပဲ။ သူပြောထားတာက "ဖိနှိပ်တဲ့တိုင်းပြည်မှာနေနေလဲ စစ်တပ်ဖိနှိပ်မှုကို တာဝန်ယူဖို့ လူနည်းနည်းလေးကပဲပြောပြီး အများစုကခွင့်လွှတ်ဖို့ပြောကြတယ်။ ဒါကို ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုတရားနဲ့ ထောက်ပြကြပါတယ်။ ဒါပေမယ့်ဒီ ဒီမိုကရက်တိုင်ဇေးရှင်းဟာ အစွန်းရောက်တွေရဲ့အသံတွေကိုပျံ့နှံ့ဖို့ ပိုဖြစ်လာစေခဲ့တယ်" လို့ဆိုသွားတာပါ။ အဲ့ဒီမှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ နောက်တစ်ချက် ထပ်ရေးပါတယ်။ "လူ့အခွင့််အရေးအစီရင်ခံစာအရ မွတ်ဆလင်တွေဟာ အချိုးအစားမမျှတစွာ အသတ်ခံရတယ်။ ရိုဟင်ဂျာ ရွာ ၇ဝကို ဗုဒ္ဓဘာသာတွေဝင်တိုက်ခိုက်တယ်"လို့ရေးသွားပါတယ်။ Disporportionate ဆိုတဲ့ စကားလုံးကိုသုံးသွားပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာတစ်ယောက်သေရင် မွတ်ဆလင်အများကြီးသေတယ်ဆိုတဲ့စကားပါ။ ရခိုင်လို့ လုံးဝမသုံးသွားပါ။ ဗုဒ္ဓဘာသာလို့ပဲသုံးသွားပါတယ်။ နောက်ပြီး ဒီစာပိုဒ်အဆုံးသတ်မှာတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာတွေကို ဒီဘုန်းကြီးတွေက နောက်ကွယ်ကကြိုးကိုင်နေတယ်လို့ ရေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် ဒီစာပိုဒ်အထိ ပုံပေါ်လာတာက ဗုဒ္ဓဘာသာဝင်ရဟန်းတော်တွေဟာ ဟန်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေ အစွန်းရောက်တွေဆိုတဲ့ အသွင်ပေါ်လာစေပါတယ်။ ဒီနည်းအားဖြင့် ဗုဒ္ဓဘာသာကိုလဲ တိုက်ခိုက်ပြီးဖြစ်သလို ရိုဟင်ဂျာ ကိစ္စကိုလဲ သုံးကြိမ်တိတိ ဒီဆောင်းပါးထဲမှာ ထည့်လိုက်ပါတယ်။ (TIME ဟာ အမေရိကန်မဂ္ဂဇင်းဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စ အမေရိကန် ကစားနိုင်ပုံကိုကျနော်အကြိမ်များစွာ ဆွေးနွေးဖူးပါတယ်။)

From: Myo Set

2 comments:

  1. ဦးဝီရသူဟာ anti muslim တဦး
    ဖြစ်တာကတော့ ထင်ရှားနေပါတယ်။
    နောက်ပြီး muslim တွေကို သူ စွပ်စွဲနေတဲ့
    အချို့ အချက်တွေ မှာ သူဟာ wise မဖြစ်ကြောင်း
    ထင်ရှားနေတယ်။ သေသေချာချာ လေ့လာဆန်းစစ်မှု
    မလုပ်ဘဲ လူတွေယုံအောင်( ဇါတ်နာအောင်)
    လုပ်ကြံ ဟောပြောနေတယ်။ ၇၈၆ ကို အဓိပ္ပါယ်
    ဖွင့်ထားတာဘဲကြည့်။ မူဆလင်တိုင်း
    မယားလေးယောက် ယူဖို့ သတ်မှတ်ထားတယ်
    ဆိုတာမျိုးက အစ လက်နက်တွေကအဆုံး
    မဟုတ်တမ်းတရားတွေကို ငါ့စကားနွားရ
    လက်လွပ်စပယ် တာဝန်မဲ့စွာနဲ့ သူနဲ့ သူ့ အဖွဲ့ဝင်
    ဆရာတော်တွေဟောပြောနေကြတာတွေဟာ
    အံ့သြစဖွယ် တပုံစံတည်းဖြစ်နေတယ်။
    shine hope အဖွဲ့က သူ့ member တွေကို
    လင်ဇီးအကြောင်း အခြားသူတွေကို
    လက်ဆင့်ကမ်းဖို့ ဟောပြောပို့ချနေသလိုမျိုး။
    ၏,သည် တောင် မရွေးဘူး။
    မူဆလင် ဘာသာကို သေချာလေ့လာခြင်းမရှိဘဲ
    မူဆလင်ဘာသာဝင်တွေကိုမုန်းတာနဲ့
    အကွက်ကျကျ ချမှတ်ပြီး
    anti လုပ်နေတာကထင်ရှားနေတယ်

    ReplyDelete
  2. မင်း ပ ထွေးမွတ်တွေကမင်းနှမ တွေကိုတက်မ ဆော်သေးတော့မင်းကအမှန်ကိုဘယ်သိအုးံမှာလဲ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။