/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 24, 2013

.

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၎

နောက်ထပ်တစ်ပိုဒ်မှာတော့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စတင်ကြားနာရပါတယ်။ “My son was killed because he was Muslim, nothing else,” ကျမသားလေးဟာ မွတ်ဆလင်လေးမို့ အသတ်ခံလိုက်ရတာ။ အခြားဘာကြောင်းမှ မရှိပါဘူး လို့ ပိတ်သိမ်းရေးပြသွားပါတယ်။ မိတ္တီလာမြို့ထဲမှာ ရှိတဲ့ ထောင်ပေါင်းများစွာသော မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို ဂျာနယ်လစ်တွေဝင်ခွင့်မရှိဘူးလို့လဲ ဆိုထားပါတယ်။ ဒါပေမယ့် ဆောင်းပါးရှင်ဖော်ပြဖို့ကျန်နေတာလား တမင်ချန်ထားတာလား မသိတာ ကတော့ ဒီဘေးဒုက္ခကြားညှပ်မိနေတဲ့ ဗုဒ္ဓဘာသာဒုက္ခသည်တွေပါပဲ။


"ကျောင်းတော် နဲ့အာဏာ" ဆိုတဲ့ခေါင်းစဉ် ပြလိုက်ပြီး သီ၇ိလင်္ကာက ရဟန်းတွေအကြောင်းကို ဆောင်းပါး ရှင်ကဖော်ပြပါတယ်။ ဖော်ပြချက်မှာ သီရိလင်္ကာ ထဲက ဗုဒ္ဓဝါဒီရဟန်းတွေရဲ့ အစိုးရကိ စိုးမိုးဖို့ အားထုတ်ပုံတွေ၊ ကျောင်းတွေမှာ သမိုင်းသင်ခန်းစာတွေသင်ကြားပေးဖို့ အားထုတ်တာတွေ။ ညီလာခံမှာ ရင်ဘတ်ထက် လက်သီးဆုပ်တင်ပြီး ဗုဒ္ဓဘာသာကို ခုခံကာကွယ်ဖို့ ကြွေးကြော်တာတွေကို ဖော်ပြပါတယ်။ ဒါပေမယ့် ပထမဆုံးအကြောင်းလေးမှာတင် သူဖော်ပြထားတာက မြန်မာပြည်ကဖြစ်ရပ်တွေဟာ ဒီသီရိလင်္ကာံကလိုပါပဲ ဆိုတဲ့ စာကြောင်းလေးပါ။ ဒီစာကြောင်းလေးကြောင့် အောက်က ဖော်ပြထားသမျှရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံးဟာ မြန်မာပြည်မှာဒီလိုဖြစ်နေပါတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်သွား စေပါတော့တယ်။

“This is a Buddhist government. This is a Buddhist country.” ဗုဒ္ဓဘာသာအစိုးရ၊ ဗုဒ္ဓဘာသာ တိုင်းပြည် ဆိုတဲ့ သီရိလင်္ကာကြွေးကြော်သံနဲ့ ပိတ်သိမ်းလိုက်ပြီး မြန်မာဟာလဲ ဒီလိုပါပဲ ဆိုတာကို နိမိတ်ပြပြောဆိုသွားခဲ့တာပါ။ “It is the monks who protect our country, religion and race.” အမျိုးဘာသာသာသနာကို ကာကွယ်နေတာ ဘုန်းတော်ကြီးတွေပဲ လို့ သီရိလင်္ကာကာကွယ်ရေး ဌာနအတွင်းရေးမှုးပြောစကားကို ထပ်မံကိုးကားအားဖြည့်ပေးသွားခဲ့ပါတယ်။

"ဆွမ်းနဲ့ သေနတ်" ဆိုတဲ့ခေါင်းစဉ်ကိုထပ်မံဖော်ပြလိုက်ပြီး ထိုင်းနိုင်ငံထဲက ဥပမာတွေကို ပေးပါတယ်။ “We cannot separate Buddhism from guns anymore.” ဆိုတဲ့စာသားနဲ့ ထိုင်းဥပမာကို သေသေချာချာ ညွှန်းဆိုသွားခဲ့ပြီး ကျန် အစ္စလာမ်အကြမ်းဖက်တွေနဲ့မကွာလှတဲ့နမူနာကိုပေးဖို့ကြိုးစားနေဟန်ကို တူးဖော်မိလိုက်ပါတယ်။ “Maybe I felt a little bit guilty as a Buddhist,” he says. “But we have to protect ourselves.” အဓိပ္ပါယ်ကဒီလိုပါ။ ကျနော် ဗုဒ္ဓဘာသာဖြစ်ရတာကို နည်းနည်းတော့ မလုံသလိုခံစား ရတယ်။ 

ဒါပေမယ့် ကျနော်တို့ကိုယ့်ကိုယ်ကိုကာကွယ်ရမှာပဲလေလို့ ပစ္စတိုသုံးလက်ရှိတယ်ဆိုတဲ့ ထိုင်းတောင်ပိုင်းက ရဟန်းက ဒီလိုပြောတယ်ဆိုပြီး ထပ်မံ ဖော်ပြပါတယ်။ "ကျနော်တို့က ဒီတိုင်းပြည်သားတွေဗျ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့ကို ဘယ်တော့မှ ထိုင်းနိုင်ငံသားတွေလို့မမှတ်ဘူး။" ဒီစကားကိုပြောသူက ထိုင်းတောင်ပိုင်းမွတ်ဆလင် တော်လှန်ရေးသမားတစ်ဦးပါ။ အဲ့ဒီစကားအပြီးမှာ ဒါလေးနဲ့ ထိုင်း ဥပမာကိုပိတ်သိမ်းလိုက်ပါတယ်။ 

“Islam is a religion of violence,” says Phratong Jiratamo, a marine turned monk. “Everyone knows this.” အစ္စလာမ်ဆိုတာ အကြမ်းဖက်ဝါဒပဲ။ ဒါလူတိုင်းသိတယ်လို့ ဘုန်းကြီးက ပြောပါတယ်ဆိုပြီး ပိတ်သိမ်းလိုက်တာပါ။ လှပါတယ်။ မွတ်ဆလင်တော်လှန်ရေးသမားရဲ့ စကားလုံးက Equality ဖက်ရောက်ပါတယ်။ ထိုင်းဘုန်းကြီးစကားက တော်တော်လေး ပိန်းတဲ့ ပညာမဲ့စကားဆန်ပါတယ်။ ဒီနှစ်ခုကို တွဲပြလိုက်ပါတယ်။ ဒီမိုကရက်တွေ အသည်းစွဲ တန်းတူညီမျှမှုကို မွတ်ဆလင်ဖက် ထည့်လိုက်ပြီး ဘုန်းကြီးပြောစကားကို ခပ်ပိန်းပိန်း ဘာသာရေးအစွန်းရောက်အနေနဲ့တင်လိုက်ပါတယ်။ ဒီနည်းနဲ့ သင်္ကန်းနဲ့သေနတ်၊ ဖိနှိပ်မှုတွေဟာ ကောက်ကြောင်းထင်းထင်းကြီးပေါ်လာပါတော့တယ်။

From: Myo Set

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။