/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 24, 2013

.

တိုင်းမ်မဂ္ဂဇင်းဆောင်းပါးကိုဆန်းစစ်ဝေဖန်ခြင်း-၅

နောက်ဆုံးစာနှစ်ပိုဒ်မှာတော့ စာရေးသူအာဘော်ကိုပိုမြင်လာရပါတယ်။ စာရေးသူက ငြိမ်းချမ်းတဲ့ ဗုဒ္ဓ ဘာသာနဲ့ ဝီရသူရဲ့ အကြမ်းဖက်မှုကို ဘယ်လို သဟဇာတ ဖြစ်အောင်လုပ်မယ်ဆိုတာကို နားမလည် နိုင်အောင်ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။ ဝီရသူဟာ ထိုင်းတောင်ပိုင်းက ဘုန်းကြီးတွေလိုပါပဲ လို့ရေးပြ ပါတယ်။ သူ့တရားပွဲအဆုံးမှာ သူ့ပရိသတ်တွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိအသက်ကို စတေးပါမည် ဆိုတဲ့ ဟာကိုလိုက်ရွတ်ဆိုကြပါတယ်လို့ ဖော်ပြပါတယ်။


နောက်ဆုံးနိဂုံးမှာတော့စာရေးသူရဲ့အဘော်ကို အထင်ရှားဆုံးမြင်လိုက်ရပါတော့တယ်။ စာရေးသူ ဖော်ပြထားတာက ဗုဒ္ဓဘာသာရဲ့ခွင့်လွှတ်မှုဆိုတာဟာ တစ်ကယ့်ကို မဖြစ်နိုင်လောက်တဲ့နေရာမှာတော့ ကျန်နေပါသေးတယ်လို့ ဆိုလိုက်တာပါ။ Unlikeliest လို့သုံးပြသွားတာပါ။ ဒီနည်းအားဖြင့် ကျန်အများစုကြီးဟာတော့ဖြင့် ခွင့်လွှတ်မှုဆိုတာမရှိတဲ့လူတွေလို့ အဓိပ္ပါယ်အလိုလို သက်ရောက်သွားစေ ပါတော့တယ်။ 

ဆောင်းပါးရှင်က ဥပမာပေးပါတယ်။ 2011 ထိုင်းမှာ ဗုံးကွဲတော့ ရဟန်းတစ်ပါးဟာ ဆွမ်းခံလျက်ပါ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးရခဲ့ပါတယ်။ အမာရွတ်တွေလဲမနည်း။ မျက်လံုးလဲ မကောင်းလှတော့ပါဘူး။ ဒါပေမယ့်သူက အစ္စလာမ်ဘာသာဆိုတာ ကျန်ဘာသာရေးတွေလိုပဲ အင်မတန်ငြိမ်းချမ်းတဲ့ဘာသာပါလို့ ပြောနေဆဲပါ လို့ ဥပမာပေးခဲ့ပါတယ်။ မွတ်ဆလင်တွေကို အပြစ် တင်တယ်၊ သူတို့က ကျနော်တို့ကိုပြန်အပြစ်တင်မယ်..ဒါဆို ဘယ်တော့မှအကြမ်းဖက်မှု မပြီးဆုံးပါဘူးလို့ အဲ့ဒီထိုင်းရဟန်းက ပြောသွားတယ်ဆိုပြီးရေးသွားပါတယ်။ နောက်ဆုံးစာပိုဒ်...နိဂုံးပိုဒ်မှာ မွတ်ဆလင်တွေကို အပြစ်တင်ခြင်းသည် ဗုဒ္ဓဘာသာမမည် ဆိုတဲ့ မက်ဆေ့ကိုရအောင် ထည့်ပေးသွား ပါတယ်။ ဒီကြားထဲမှာ ရိုဟင်ဂျာကိစ္စကိုသုံးကြိမ်တိတိသုံးပါတယ်။ တစ်ကယ်တော့ ဒီလို ခွင့်လွှတ်နိုင်မှု မျိုး၊ သူပေးတဲ့ဥပမာမျိုးဟာ သာမန် (Average) တွေအနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေသာလျှင်ဖြစ်ပါတယ်။ ဒီလို ရှားပါးတဲ့ ဥပမာမျိုးကိုပေးလိုက်ခြင်းအားဖြင့် ကျန် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလိုမကျင့်လျှင် အလကားဆိုတဲ့ မက်ဆေ့ခ်ျကို ရသွားစေတော့တာပါပဲ ။

ဆောင်းပါးရှင်ရဲ့ကောက်ကြောင်းကိုကြည့်လိုက်တဲ့အခါမှာ ဦးဝီရသူထက် မြန်မာပြည်တွင်းနဲ့ အရှေ့တာင်အာရှ၊ တောင်အာရှ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်တွေကို သီးသန့ဖော်ပြထားပြီး ထိုင်းတောင်ပိုင်းကိစ္စ၊ မြန်မာပြည်တွင်းကိစ္စ နဲ့ သီရိလင်္ကာကိစ္စတွေမှာ ဆန့်ကျင်ဖက်တွေရဲ့အမြင်တွေကို လလုံးဝ ထည့်မထားတာကို အထူးသတိပြုမိပါတယ်။ စာကြောင်းချိတ်ဆက်ပုံ၊ အိုင်ဒီယာချိတ်ဆက်ပုံတွေ၊ ဥပမာပြပုံတွေရဲ့ လားရာဦးတည်ဖက်ဟာ ဗုဒ္ဓဘာသာ ဟာ ကျဆုံးနေတဲ့ဘာသာရပ်ဖြစ်ပြီး ကျန်အလားတူဘာသာများလိုပဲ အကြမ်းဖက်တွေထွက်လာတဲ့ "ညွှန်းသလောက်မဟုတ်တဲ့ဘာသာရေးပါ" ဆိုတဲ့ အမြင်ကို တူးဖော်လိုက်မိပါတယ်။

ဒါကတော့ ဒီဆောင်းပါးအပေါ် အနုစိပ်သုံးသပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။

From:Myo Set

2 comments:

  1. ဦးမျိုးဆက် အနေနဲ့ ဒီလိုရှင်းပြနေရချင်း
    အကြောင်းရင်းကို သိချင်ပါတယ်။
    ဘယ်နေရာမှာဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့
    TIME မှာ
    ဒီ story ဖြစ်လာရဖို့ အတွက် အဓိကတွန်းအား
    ဖြစ်ခဲ့သူဟာ ဦးဝီရသူပေါ့။
    ကာကွယ်တာနဲ့ ဆန့်ကျင်တာတခြားစီပါ။

    ReplyDelete
  2. အေးမင်းပြောသလိုပြောမယ်ဆိုရင်ဦးဝေရသူပေါ်တဲ့အဓိကတွန်းအားပေးသူတွေကအစွန်ရောက်မွတ်တွေကြောင့်ဆိုရောမင်းဘယ်လိုပြေားမလဲမင်းကအမျိုးမစောင့်တဲ့အ ပေါးစားတစ်ယောက်ပဲသွားမွတ်ပြည်ဒို့ပြည်အတွက်စံကုန်မြေ လေးတယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။