/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 26, 2013

.

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်(၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁ ၂)၊ အမှတ်(၁) နှင့် စပ်လျဉ်း၍ ကြေညာ

ကြေညာချက် အမှတ် ၁/၂ဝ၁၃
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)


၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ကြေ ညာခြင်း၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)တွင် သံဃာတော် ဥူးဝီရသူအား The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေခြင်းကိုလည်း ထိခိုက် စေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက် နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ (၁၈၂)၊ အမှတ်(၁)ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မူရင်းစာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိ ခြင်း မပြုလုပ်ရန် အများပြည်သူ အကျိုးငှာ ကြေညာလိုက်သည်။

အမိန့်အရ
အတွင်းရေးမှူး
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်(၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁ ၂)၊ အမှတ်(၁) နှင့် စပ်လျဉ်း၍ ကြေညာ

မြ၀တီ

1 comment:

  1. TIME မဂ္ဂဇင်းဟ မြန်မာလူထု အများစုကြီးနဲ့
    လက်လှမ်းမမှီတဲ့ နေရာမှာရှိနေပါတယ်။
    တကယ်လို့ ရခဲ့ရင်တောငိ အဓိပ္ပါယ် နားလည်အောင်
    ဖတ်တတ်သူ အရမ်းနည်းပါတယ်
    အဲ., ဘာသာပြန်ပေးရင်တော့.....

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။