/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 26, 2013

.

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်



တွံတေးမြို့နယ် အိုးဖိုး အနောက်ရပ်ကွက် စည်ပင် သာယာ လမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့်၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ် အရွယ် လူငယ် တစ်ဦးအား ကောင်မလေး၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့် ထိုးလိုက်သော ကြောင့် သေဆုံး သွားကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ သိရသည်။


သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု ကြုံဝကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး တွံတေးမြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်း ဖြစ်ကြောင်း မြို့နယ်ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီးပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက် လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟုယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။