/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 26, 2013

.

အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ



ညောင်ဦးမှ ရန်ကုန်သို့ ထွက်ခွာမည့် အဲပုဂံ လေယာဉ် ပျံပေါ်ကို လက်နက်ကိုင် ဆောင်ပြီး တက်ရောက်ရန် ကြံ ရွယ်သူ တရုတ်နိုင်ငံသားနှစ်ဦး အား လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှ အရေးပေါ် စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း လေ ကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


ဇွန် ၂၁ ရက်က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun နှင့် Mr. Zhang Yunqing တို့ နှစ်ဦးအနက် တစ် ဦးသည် ညောင်ဦးလေဆိပ်မှ ရန် ကုန်လေဆိပ်သို့ ထွက်ခွာမည့် အဲပုဂံ လေကြောင်းလိုင်း ATR 42 Forker လေယာဉ် ထွက်ခွာ ခါနီးအချိန်တွင် ညောင်ဦး လေဆိပ်ပန်းခြံတွင် ဝှက်ထားသော အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားကို ယူဆောင်ကာ ဝှက်ပြီး လေယာဉ်ပေါ်သို့ ပြန်တက်မည်ပြုချိန်တွင် လုံခြုံရေးတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးကို လေကြောင်းရဲတပ် ဖွဲ့မှူးရုံးက စစ်ဆေးကာ ရန်ကုန်သို့ ဂျေဂျေအဝေးပြေး မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ တရုတ် နိုင်ငံသား နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက်လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။

လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြော သည်။ ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဋ္ဌ ဦးထူးသက်ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက်ပါ ဆိုတဲ့အတွက် သူတို့ကို ထားခဲ့ပါ တယ်။ ကျန်တာတွေကတော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက် လုပ်ဆောင်မှာပါ''ဟု ပြော သည်။

လေယာဉ်လက်မှတ် ရောင်းချရေးဌာန မြန်မာ့လေကြောင်း မှတာဝန်ရှိသူတစ်ဦးက ''လေယာဉ် လက်မှတ်ရောင်းချတဲ့အခါ မြန်မာ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သေချာစစ်ဆေးပြီးမှ ရောင်းချပါတယ်။ Blicklist မှာ ပါတဲ့ နိုင်ငံခြားသားတွေကိုတော့ လက်မှတ်မရောင်းဘူး။ အခုလက်ရှိ လေယာဉ်လက်မှတ်ရောင်းချတဲ့ နေရာမှာ လူတစ်ဦးချင်းစီရဲ့ သက် သေခံအထောက်အထားတွေကို သေချာစစ်ပြီး ရောင်းချပါတယ်''ဟု ပြောသည်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်ကလည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကိုဖောက်ခွဲရန် ကြံစည်ခဲ့သူများအား သင်္ဃန်းကျွန်းရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

FROM-KYAW MYAT SAN

5 comments:

  1. တ၇ုပ်တွေကတော့လွန်လာပြီ။မြန်မာပြည်ကိုသူ့အမေလင်
    အိမ်များမှတ်နေလားမသိ။ငါတို့ဆီကလူကြီးတွေကအေ၇ာဝင်လွန်းတော့ေ၇ာက်တက်
    တာပေါ့။

    ReplyDelete
  2. တော်သေးဒါပေါ
    ဗုံးမဟုတ်လို့

    ReplyDelete
  3. အမျိုးဂုဏ် စောင့်ထိန်းချင်ကြသူများ
    တရုပ်နှင့်ကြမှ ဖင်မတုန်ကြပါနဲ့ ဗျား။

    ReplyDelete
  4. တော်သေးတာပေါ့ တရုပ်မို့လို့
    မူဆလင်သာဆို ခုလောက်ဆို
    ထောင်နှစ်ရှည်ချဖို့ စီမံနေလောက်ပြီ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။