(၁.၆.၂၀၁၃)နေ့ နံနက် (၇)နာရီမှစတင်ကာ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့၌ အစိုးရနှင့် KIA တို့၏ သဘောတူညီချက် (၇)ချက်နှင့် စပ်လျဉ်း၍ ကျေနပ်ခြင်းမရှိသော ဒေသခံတိုင်းရင်းများမှ အပစ် အခတ် ရပ်စဲရေး အမြန်လက်မှတ်ထိုးပါ၊
စစ်သားစုဆောင်း ဖမ်းဆီးခံထားရသော ဒေသခံ တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ အကြောက် တရား ကင်းစွာ လယ်ယာလုပ်ကိုင်ခွင့်ပေးပါ။ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ရှင်းပေးပါ- စသော စာရွက်၊ ဆိုင်းဘုတ်များကို ကောင် ဆောင်ထားပြီး ဆန္ဒထုတ်ဖေါ်သွားခဲ့ပါတယ်။ နံနက်(၈)နာရီမှ (၁၀)နာရီအချိန်ထိ လိုင်ဇာမြို့သို့ ပြန်လည်ထွက်ခွာ သော KIA/KIO အဖွဲ့များ၏ ယဉ်တန်းများ ဆုံးသွား သည် အထိ စောင့်ဆိုင်း၍ လူအင်းအား (၁၀၀)ခန့် ဆန္ဒဖေါ်ထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဆန္ဒထုတ်ဖေါ်ရခြင်းနှင့် စပ်လျဉ်း၍ ဦးဆောင်သူတစ်ဦးမှ - အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနိုင်သေး လို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးရင် ကိုယ့်လုပ်ငန်းကို မလုပ်ကိုင်နိုင်ကြပါဘူး။ ထွက်ပြေးတိမ်းရှောင်နေကြ ရ ဦးမယ်၊ ဒါကြောင့် တိုက်ပွဲ တွေကို အမြန်ဆုံး ရပ်ပေးစေလိုတာ။
မိမိဆန္ဒမပါပဲ စစ်သားစုဆောင်း ဖမ်းဆီးခံရပြီး နေနေရတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ရှိတယ်။ ဒါကြောင့် ဖမ်းဆီးထားသော ဒေသခံတိုင်းရင်းသားများကို ပြန်လွှတ်ပေးပါလို့ တောင်းဆိုတာပါ။
လက်နက်ကိုင်အဖွဲ့တွေလာရင် ဘယ်အဖွဲ့ပဲလာလာ ကြောက်နေရတယ်၊ အတင်းအဓမ္မ စစ်သား စုဆောင်းခံရတယ်။ ဆက်ကြေးပေးရတယ်။ မထင်ရင်မထင်သလို အမျိုးသမီးတွေ မဖွယ်မရာ ပြုကျင့်ခံ ရတယ်။ ဒါကြောင့် အကြောက်တရား ကင်းစွာ လယ်ယာလုပ်ကိုင်ခွင့်ပေးပါလို့ တောင်းဆိုတာ။
တချို့နေရာတွေမှာ မိုင်းတွေထောင်ထားတော့ ဘယ်နေရာကိုမှ ကောင်းကောင်း မသွားရဲဘူး၊ မလုပ် ကိုင်ရဲဘူး၊ ကိုယ့် လယ်ယာ ကိုင်းကျွန်းနားမှာ မိုင်းများရှိနေမလားလို့ စိုးရိမ်နေရတယ်။ ဒါကြောင့် မိုင်း တွေကို ရှင်းလင်းပေးစေချင်တာပါလို့ ပြောပြပါသည်။
ukawlay
Credit : http://www.myanmartharkaung.net/2013/06/blog-post_865.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။