/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 1, 2013

.

ဇွန်လ ၂၇ တွင် ဆက်သွယ်ရေး Operator ၂ ခု ရွေးချယ်မည်

၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက် ကြာသပတေးနေ့တွင် ကျန်ရှိနေသည့် ဆက်သွယ်ရေး Operator ၂ ခုကို အပြီးသတ် ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေး Operator ၂ ခုကို ရွေးချယ်ရာတွင် ဧပြီ ၁၁ ရက်နေ့က ရွေးချယ် ထားသည့် ဆက်သွယ်ရေး Operator များထဲမှ ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဧပြီ ၁၁ ရက်နေ့တွင် ရွေးချယ်ထားသည့် ဆက်သွယ်ရေး Operator များသည် နောက်ဆုံးအ ဆင့် ရွေးချယ်ရန် အတွက် ဇွန် ၃ ရက်နေ့ နောက်ဆုံး ထားပြီး လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။



ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တင်ဒါ ပဏာမအဆင့် အောင်မြင်သည့် ကုမ္ပဏီများမှာ နိုင်ငံတ ကာ အဆင့်မီ ဆက်သွယ်ရေး Operator လုပ်ငန်းကို ဝန်ဆောင်မှုပေးသည့် နာမည်ကြီး ကုမ္ပဏီကြီးများနှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေငြာချက် ထုတ်ပြန်ခဲ့ သည့် ပဏာမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှာ Singapore Telecommunication (Singtel) + KBZ + Myanmar Telephone Conpany Limited (M-Tel), Digicel, KDDI Corporation + Sumit-omo Coporation + Myanmar Information and Communication Technology Development Corporation (MICTDC) + A1 Consruction, MTN Consortium (MTN Dubai) + M1 Telecom + Amara Communication, Fance Telecom + Orange + Maruben, Airtel Consortium, Viettel Group, Axita Group Bernad, Millicon International Cellular S.A, Quatar Telecom (QTel), TelenorDMobile Communication AS, Vodafone + China Mobile စသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး Operator အဖြစ် လုပ်ကိုင်ရန်အတွက် လေးခုအထိ ခွင့်ပြု ထားရာ မြန်မာ့ဆက်သွယ်ရေး အော်ပရေးရှင်း (Myanmar Telecom) နှင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ (Yatanarpon Telecom) နှစ်ခုနှင့် ယခု ပဏာမအဆင့် ရွေးချယ်ထားသည့် ကုမ္ပဏီများမှ ကုမ္ပဏီနှစ်ခုကို Operator အဖြစ် ရွေးချယ်သွားမည် ဖြစ်သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။