/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 1, 2013

.

လင်းစဒေါင်းအနီး ယာဉ်တိုက်မှုဖြစ် ကားသမား တစ်ဦးထွက်ပြေး

ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်း စဒေါင်း မှတ်တိုင်းအနီးတွင် ဧပြီ ၃၀ နေ့ ည ၉ နာရီ ခန့် တွင် ၄ခ/၂၁၄၁ ဆယ်ဘီးကားတစ်စီးနှင့် AA-9977တက္ကဆီကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ တက္ကဆီကားလေး၏ ဘယ်ဖက်ခေါင်းကြေမွ သွား ကာ ကားမောင်းသူ ဘယ်ခြေထောက်နာနေပြီး ပွန်း ပဲ့ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း၊ ဆယ်ဘီး ကား မောင်းနှင်သူ ထွက်ပြေးသွားကြောင်း ဒဏ်ရာ ရှိသူ ကိုခင်ဇော်က ပြောကြားသည်။


တက္ကဆီကားသည် ဗိုလ်တစ်ထောင်ဖက်မှ ဘယ်ဖက်ယာဉ်ကျော အတိုင်းမောင်းနှင်လာခြင်းဖြစ်ပြီး မျက်နှာ ချင်းဆိုင် မောင်းနှင်လာသော ဆယ်ဘီးကားသည် ဘယ်ဖက်ယာဉ်ကျောသို့ဝင်၍ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မျက်စိနဲ့တော့ မမြင်လိုက်ဘူး။ ဝုန်းဆိုကြားတာနဲ့ ထွက်ကြည့်ကြတာ။ ခုကြည့်ရတဲ့အနေအထားအရ ကားကြီးက လမ်းမှားထားတာ ကို တွေ့ရတယ်လေ။ ပြီးတော့ကားမောင်းတဲ့ သူက ချက်ချင်း ထွက်ပြေးသွား တာဆိုတော့ ကားကြီးမှားတာ ဖြစ်နိုင်ပါတယ်”ဟု ဗိုလ်တစ်ထောင် (၁)ရပ်ကွက်ဥက္ကဋ္ဌနှင့်အတူ လာရောက် ကြည့်ရူသူက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ရဲတစ်ဦးရှိနေသော်လည်း တစ်နာရီခန့် အကြာယာဉ်ထိမ်းရဲများ ရောက်ရှိလာပြီး လာ ရောက် ကြည့်ရှုသူများနှင့် တက္ကဆီကားသမားအား စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြာင်း သိရသည်။ ဆက် လက်၍ အမှုဖွင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဟုလည်း ၎င်းတို့က ပြောကြားလျက် ရှိ သည်ဟု သိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။