/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 18, 2013

.

KNU နှင့် အစိုးရတပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်



ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်း (Code of Conduct) များအတွက် အကြို ဆွေးနွေးပွဲကို မေလနှောင်းပိုင်းတွင် ရန်ကုန် မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံး ရေး တာဝန် ခံ ဖဒိုစောလှထွန်း က မီဒီယာများကို ပြောဆိုလိုက်သည်။


ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွား လာ ရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

ထို့အပြင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိရန်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဘဝ ရပ် တည်ရေး ကိစ္စရပ်များအတွက်လည်း ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်း က ထပ်လောင်းပြောကြား သည်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲမှသာ ခိုင်မာတဲ့ နိုင်ငံရေးအရဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ၎င်းက ပြော သည်။

“KNU ရဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ မခိုင်မာမှုဟာ တဖက်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ တနိုင်ငံ လုံးနဲ့ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သွားရမယ့် နိုင်ငံရေး Process (လုပ်ငန်းစဉ်) ပေါ်မှာလည်း မူတည် တယ်ဗျ” ဟု ဖဒိုစောလှထွန်း က ပြောသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ေ ရးကိစ္စ ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် လက် မှတ်ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ဘားအံမြို့၌ တတိယအကြိမ် တွေ့ဆုံကာ အပစ် အခပ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Mizzima News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။