/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 18, 2013

.

ပြည်ထဲရေးဝန်ကြီးက ၆ နှစ် ကြွေးကျန်ထပ်ချထားသောကိုနေမျိုးဇင် ပြန်လွတ်လာပြီ



May 17, 2013

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)နဲ့ ဧရာ ဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ အကျဉ်း ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။


ဒီနေ့နေ့လည် ၁ နာရီဝန်းကျင်မှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အကျဉ်းထောင် အတွင်းရောက်ရှိလာပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကို ဖတ်ပြပြီးနောက် လွှတ်ပေးလိုက်တာလို့ ဦးနေမျိုးဇင်က ပြောပါတယ်။


ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်းပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံ နေတာ ဖြစ်ပါတယ်။ တောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကြိုးစားရင်း အရင်အမှုဟောင်းရဲ့ ကြွေးကျန် ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လထပ်မံကျခံခဲ့ရတာဖြစ်ပါတယ်။


RFA Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။