/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 9, 2013

.

ဒီကေဘီအေကို ထိပါးပါက အားနည်းသည့်ဘက်မှ ရပ်တည်သွားမည်ဟုဆို


DSC_0080 copy

ဟတ်ကြီး ရေကာတာ တည်ဆောက်ရေးနှင့် ပတ် သက်၍ မြိုင်ကြီးငူဒေသမှ လုံးဝဆုတ်ခွာ မပေးနိုင် ကြောင်း ဒီကေဘီအေဘက်မှ တုန့်ပြန် ပြောဆိုနေ ချိန်တွင် KNU/KNLA ဘက် ကလည်း အကယ်၍ အစိုးရတပ်များမှ ဒီကေဘီအေကို ထိုးစစ်ဆင် လာပါက အားနည်းသည့်ဘက်မှ ရပ်တည်သွား မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။


ကရင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေဖြင့် *ဒီကေဘီအေနှင့် တပ်မတော်ကြား ကိစ္စများအား ကြားဝင်ဖြေရှင်းခြင်း မရှိသေး သော်လည်း *တပ်မတော်မှ ဒီကေဘီအေ တပ်များကို ထိုးစစ်ဆင်လာမည်ဆိုပါက ၎င်းတို့ အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး(တိုက်ဂါး) က မေလ(၆)ရက်နေ့က မြဝတီမြို့နယ်ရှိ KNU/KNLA အထူးဗျူဟာရုံးချုပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ် သည်။ 

ဟတ်ကြီး ရေကာတာ စီမံကိန်းအတွက်ဟုဆိုကာ စီမံကိန်းဧရိယာ အနီးရှိ ဒီကေဘီအေ(ကလို့ထူးဘော) တပ်များကို မေလ (၄)ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် ခမရ (၃၃၈)မှ မေလ (၂) ရက်နေ့က အကြောင်းကြားခဲ့ပြီးနောက် တပ်မတော်နှင့် ဒီကေဘီအေတို့ကြား ယခုကဲ့သို့ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

* *နယ်ခြားစောင့်တပ်(BGF)မှ ဒီကေဘီအေ သို့ ဝင်ရောက်လာသော တပ်သားသစ်တစ်ဦးက BGF စက်လှေပေါ်မှ တပ်သားတစ်ဦးကို ပစ်သတ်ခဲ့ရာမှ ဧပြီလ(၂၇) ရက်နေ့ညမှ စတင်ကာ BGF နှင့် ဒီကေဘီအေတို့ကြား သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းကိစ္စများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် တပ်မတော်မှ ယခုကဲ့သို့ ဒီကေဘီအေ တပ်များ ဆုတ်ခွာရန် ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။/ / ထိုသို့ ဆုတ်ခွာခိုင်းခြင်းနှင့် ပတ်သက်၍ “ထိုင်းနဲ့ကလည်း ကပ်နေပြီ၊ ခွာစရာနေရာလည်း မရှိတော့ဘူး၊ ထပ်ပြီးတိုးလာရင် ကျွန်တော်တို့က ခုခံကာကွယ်မှာပဲ” ဒီကေဘီအေ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က တုန့်ပြန်ပြောဆိုထားသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ် တိမသေကလည်း တင်းမာမှုများနှင့် ပတ်သက်၍ ကိုင်တွယ်သည့် စစ်တပ်ပေါ်တွင် မူတည်ကြောင်း၊ စစ်တပ်မှ ငြိမ်းချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ပါက ပြဿနာများ ငြိမ်းချမ်းသွားမည်ဖြစ်ပြီး၊ အာဏာရှင်သဘောမျိုး လုပ်ဆောင်လာမည် ဆိုပါကပြဿနာများ ပိုမိုကြီးထားလာနိုင်သည့်အပြင် တခြား လက် နက်ကိုင်များသို့လည်း ကူးစက်လာနိုင်ကြောင်း ပြောကြား သည်။ “ဒီကေဘီအေ တစ်ဖွဲ့တည်း မဟုတ်ဘူး၊ တခြား ကရင်တွေပါ ကူးလာနိုင်တယ်၊ ငြိမ်းချမ်းရေး ကောင်စီကော၊ ကေအင်န်ယူကော အကုန်လုံး ပြန်တိုက်ကြလိမ့်မယ်၊ နောက်ဆုံး BGF(နယ်ခြားစောင့်တပ်) ထဲမှာပါ သူ့ကို ပြန်ပစ်ကြလိမ့်မယ်၊ အဲတာမျိုးတွေ မဖြစ်စေချင်ဘူး”ဟု KNU/KNLAမှ ဗိုလ်မှူးချုပ် တိမသေက ပြောကြားသည်။

အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ မေလ(၅)ရက်နေ့ က နေပြည်တော်တွင် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော ဒီကေဘီအေ မှ ဆက်ဆံရေးနှင့် စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး စောမောင်လေးက “ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ရယ်၊ BGF အပါအဝင် နှစ်ဘက်တပ်ဖွဲ့တွေနဲ့ ကော ပြည်နယ် အစိုးရတွေပါ ငြိမ်းချမ်းရေးအတွက် အဖြေ တစ်ခုရအောင် အတူတကွ တွေ့ဆုံဆွေးနွေး ကြဖို့ အတွက် အမြန်ဆုံးတွေ့ဆုံနိုင်အောင် စီစဉ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

Credit : http://themyanmaage.com/?p=5988

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။