/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 9, 2013

.

ပြည်မြို့ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးအားဖြုတ်ချပေးရန်ဆန္ဒပြ



(၇-၅-၂၀၁၃)ရက် နံနက် (၉)နာရီအချိန် ခန့် တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ် ကွက် သင်္ဘောဆိပ်လမ်းနှင့် လှိုင် ဂတ်လမ်း ထောင့်ရှိ ဦးစိန်ဝင်း (၅၈)နှစ် (ဘ)ဦးထွန်းရွှေ၊ ဆိုက္ကား ဘေးတွဲလုပ်ငန်းလုပ်ကိုင်သူ (ယခင် ဆင်စုရပ်ကွက်ဥက္ကဋ္ဌ ဟောင်း)၏ နေအိမ်ရှေ့ လမ်းမ ပေါ်တွင် ဦးစိန်ဝင်းဦးဆောင်၍ ဦးဌေး ၀င်းအောင်၊ အမှတ်(၅၁၃)၊ လှိုင်ဂတ်လမ်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့၊ ဦးစံအေး၊ မိုးလေ၀သ ကုန်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့၊ မ၀င်းဝင်းဌေး၊ အမှတ်(၅၁၂)၊ လှိုင်ဂတ်လမ်း၊ ဆင်စုရပ်ကွက်၊ ပြည်မြို့နှင့် မဇင်မာဝင်း၊ အမှတ် (၅၁၃)၊ လှိုင်ဂတ်လမ်း၊ ဆင်စု ရပ်ကွက် ပြည်မြို့နေသူတို့ (၄) ဦးမှ အလျား(၂)ပေခွဲ၊ အနံ(၂) ပေခန့်ရှိ အဖြူရောင်ကတ်ထူ စက္ကူပေါ်တွင် ဆော့ပင်အနီရောင် လက်ရေးစာလုံးဖြင့် ““(ပ)၃၃၂၆/ ၉၆ ပုဒ်မ ၄၉၇ မယားခိုးမှု ထောင်ကျအလိုမရှိ-အလိုမရှိ၊ ဆင်စုရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်စိုး အလိုမရှိ-အလိုမရှိ (ပ) ၂၈၃/၂၀၀၈ ပုဒ်မ၊ ၁၅(က)၊ ၁၆ (က)လောင်းကစားသမားထောင် ထွက်မြင့်စိုးအလိုမရှိ-အလိုမရှိ၊ လောင်းကစားသမား ထောင် ထွက်မြင့်စိုးဖြုတ်ချပေး-ဖြုတ်ချ ပေး””စသည့်ဆိုင်းဘုတ် (၄)ခုကို ကိုင်ဆောင်လျက် လက်ရှိဆင်စု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး အား ဖယ်ရှားပေးရေးအတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်ဆောင် ရွက်ခဲ့ သည်ဟု သိရသည်။


နံနက် (၉)နာရီ (၀၂)မိနစ် အချိန်ခန့်၌ ဆင်စုရပ်ကွက်၊ သင်္ဘောဆိပ်လမ်းနှင့် လှိုင်ဂတ် လမ်းဆုံသို့ ပြည်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်ထက်နှင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့် ဦးတို့ ဦးစီး အဖွဲ့ရောက်ရှိလာပြီး ဦးစိန်ဝင်းဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးတို့ ဦးစီး အဖွဲ့ရောက်ရှိ လာပြီး ဦးစိန်ဝင်းဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ၍ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမြင့်ဦးမှ ““ဆင်စုရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး အား ရာထူးမှ ဖယ်ရှားပေးရေး အတွက် ဆန္ဒဖော်ထုတ်ခွင့် တင် ပြထားရှိမှုအပေါ် မေလ (၂) ရက်တွင် ငြင်းပယ်မိန့်ပေးထား ကြောင်း၊ ဦးစိန်ဝင်းမှလည်း မေလ (၆)ရက်တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံဝင် ထားသည်ကို သိရှိရကြောင်း၊ ခွင့် ပြုမိန့်မရှိဘဲ အယူ ခံဝင်ဆဲကာလ အတွင်း ဆန္ဒဖော်ထုတ်ပါက ဥပဒေနှင့်မညီညွတ်ကြောင်း၊ အယူခံပြန်ကြားချက်ရရှိမှသာ ဥပ ဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုဆန္ဒဖော်ထုတ်မည့် အစီအစဉ် အား ယခု နေရာတွင် ရပ်ဆိုင်းရန် နှင့် ဥပဒေနှင့်မညီ၍ တားမြစ်ပါ ကြောင်း””သတိပေးပြောကြားခဲ့ သည်ဟု သိရ သည်။

ဆက်လက်၍ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက် မှ ““ဦးမြင့်စိုးအား ရပ်ကွက်အုပ် ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခဲ့သည့် ကိစ္စမှာ အများပြည်သူ ဆန္ဒမဲ အများဆုံးရရှိ၍လည်းကောင်း၊ ၎င်း၏ ယခင်ပြစ်ချက် ဟောင်း များအား ဖော်ပြပြီး အထက်ဌာန အဆင့်ဆင့်သို့တင်ပြကာ အထက် ဌာနအဆင့်ဆင့်၏ ခွင့်ပြု ချက်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးမြင့် စိုးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်ထားသည့်ကိစ္စ ခွင့်ပြုမိန့်နှင့် အထက်ဌာနသို့ တင်ပြချက်များ အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တွင် လာရောက်ကြည့်ရှုနိုင် ကြောင်း၊ ယခု ဆန္ဒဖော်ထုတ်သည့် ကိစ္စကိုလည်း အထက်ဌာနများ သို့ တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း””ရှင်း လင်းပြော ကြားခဲ့သည်။

ဦးစိန်ဝင်းနှင့်အဖွဲ့မှ ယခု ကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရှင်းလင်း ပြောကြား သည်ကို ကျေနပ်ပါ ကြောင်း၊ ၎င်းတို့အနေဖြင့် ဆက် လက်ဆန္ဒဖော်ထုတ်ခြင်းမပြုတော့ ဘဲ နံနက်(၉)နာရီ (၁၀)မိနစ် အချိန်တွင် ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်ဝင်ရောက် သွားခဲ့ပြီး အလားတူ အနီးသို့ လာရောက်ကြည့်ရှုနေသော လူ (၂၀)ဦးခန့်မှာလည်း မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွား ကြ သည်ဟု သတင်း ရရှိသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။