/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 9, 2013

.

ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်

ရခိုင် ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ လူ့ အခွင့် ရေးနှင့် ပါတ်သက်၍ Organisation ရခိုင် လူ့ အခွင့် ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (AHRDO) Arakan Human Rights and Development မှ ကူညီ ထောက်ပံ့ ပေးသွား မည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ပြောကြားသည်။


ရခိုင် ပြည်နယ်ရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ၊ရွှေဓာတ်ငွေ့ ပိုက်လိုင်း ရပိုင်ခွင့် များနှင့် လူ့ အခွင့်ရေး ချိုးဖောက်ခံရမှုများအား ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အစိုးရစီမံကိန်း တာဝန် ရှိသူများနှင့် ချိတ်ဆက်ပြီး ရသင့်သော အခွင့်ရေးများကို အပြည့်အ၀ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း HRDO ဒါရိုက်တာ ဦးအောင်မင်းဦး က မဇ္ဈိမသို့ ပြောကြားသည်။

၎င်းက “ HRDO အနေနဲ့ လယ်မြေသိမ်းတာတွေ ကို အဓိကထားကူညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်များ မြေပေါ် မြေအောက် သယံဇာတ တွေပေါတယ် ။ နောက်ပြီးအစိုးရ စိမံကိန်းတွေအတွက် သုသေတန ပြုလုပ် မှုတွေ ကွင်းဆင်းပြီး လုပ်ဆောင်ပေးသွားမှာပါ " ဟု ဆက်လက်ရှင်းပြသည်။

HRDO မှ ရခိုင်လူမျိုးများ၏ အခွင့်ရေးများ ရရှိရန်အတွက် ရခိုင်အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်နှင့် ချိတ် ဆက် ထားပြီ ဖြစ်သော်လည်း မည်ကဲ့သို့ လုပ်ကိုင်သွားမည်ကို မသိရှိရသေးကြောင်း ရခိုင်အမျိုးသား ဒီမို ကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ဆိုသည်။

ရခိုင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က “ လူ့အခွင့်ရေး က ရခိုင်ပြည်မှာတင် မဟုတ်ပါဘူး ။ မြန်မာပြည် အနှံ့မှာခံစားနေရကြတာ။ ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်အတွက် ဒိလို ကူညီ ပေး တာ ကောင်းပါတယ် " ဟု ရှင်းပြသည်။

ရခိုင်ပြည် နယ်တွင် လူ့အခွင့်ရေး နှင့် ပါတ်သက်ပြီး အပြည့်ဝ ရရှိရန်အတွက် ဥပဒေဘောင်ထဲမှ ဆောင် ရွက် သွားရန် လိုပြီး ပြည်နယ် တွင်နေထိုင်ကြသော ပြည်သူ ပြည်သားများ တူညီစွာ လက်တွဲဆောင်ရွက် ရန်လို အပ်ကြောင်း ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က မှတ်ချက်ပြု ပြောကြား သည် ။

ရခိုင် လူ့အ ခွင့်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO )ArakanHuman Rights and Development Organisation ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်း သားများ နှင့် လူငယ်များဆိုင်ရာ အစည်းရုံး တို့မှ ဦးဆောင်၍ ထိုင်း-မြန်မာ နယ်စပ်တွင် ၂၀၁၁ အောက်တို ဘာလတွင် စတင်ဖွဲ့စည်း တည်ထောင် ခဲ့ခြင်း ဖြစ်ကြောင်း AHRDO ကြေငြာချက် အရသိရှိရသည်။

From: Mizzima Burmese 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။